Connect with us

Hi, what are you looking for?

News

မြ၀တီ – ကော့ကရိတ်အာရှလမ်းပိုင်းမှာ အရပ်သားကားတစ်စီးပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး

မနေ့ မတ်လ ၂၇ ရက်ကလည်း အာရှလမ်း တောနော်ရေတံခွန်အနီးမှာ ကုန်တင်ယာဉ်နှစ်စီး မီးရှို့ခံခဲ့ရပြီး စစ်ကောင်စီနဲ့ KNLA ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားလျက်ရှိနေတာ ဖြစ်ပါတယ်။

မြ၀တီ- ကော့ကရိတ်အာရှလမ်းပိုင်းမှာ သွားနေတဲ့ ယာဉ်တစ်စီး ဒီကနေ့မနက်ပိုင်းက ပစ်ခတ်ခံခဲ့ရပြီး အမျိုးသားတစ်ဦး ထိမှန်သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီကနေ့ မနက် ၈ နာရီ ၂၀ အချိန်က ကော့ကရိတ်မြို့နယ် မြ၀တီ-ကော့ကရိတ်အာရှလမ်းမ ယာယီဘေလီတံတားအနီးမှာ ကော့ကရိတ်ကနေ မြ၀တီသွားမယ့် ယာဉ်တစ်စီးဟာ ပစ်ခတ်ခဲ့ရတာဖြစ်ပြီး အမျိုးသားတစ်ဦးသေဆုံးသွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ မတ်လ ၂၇ ရက်ကလည်း အာရှလမ်း တောနော်ရေတံခွန်အနီးမှာ ကုန်တင်ယာဉ်နှစ်စီး မီးရှို့ခံခဲ့ရပြီး စစ်ကောင်စီနဲ့ KNLA ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားလျက်ရှိနေတာ ဖြစ်ပါတယ်။

မြ၀တီ-ကော့ကရိတ်အာရှလမ်းပိုင်းမှာ ဒီကနေ့မနက်ပိုင်းက ယာဉ်ငယ်အချို့ သွားလာတာတွေရှိနေပြီး ယာဉ်ကြီး ကုန်တင်ယာဉ်အများစုတွေကတော့ သွားလာမှုမရှိပဲ ရပ်တန့်စောင့်ဆိုင်းနေကြရတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

မြ၀တီ-ကော့ကရိတ်အာရှလမ်းပိုင်းနဲ့ မြ၀တီ-ဝေါ်လေကားလမ်းပိုင်းကို မတ်လ ၂၇ ရက်ကစပြီး ဒေသခံပြည်သူတွေအနေနဲ့ သွားလာတာတွေမပြုလုပ်ဖို့ ကေအဲန်ယူက အသိပေးစားထုတ်ပြန်ပြီးတဲ့နောက် အာရှလမ်းပိုင်းမှာ ထိတွေ့တိုက်ပွဲတွေပိုမိုဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ တပ်မဟာ(၆)နယ်မြေအတွင်း တိုက်ပွဲများပြင်းထန်ပြီး တော်လှန်ရေးတပ်များက စစ်ကောင်စီ၏ ရင်ကွဲတောင်စခန်းအပါအဝင် တပ်စခန်းအချို့သိမ်းပိုက်ရရှိကာ ကော့ကရိတ်မြို့နယ်မြို့ကိုလည်း ဝန်းရံပိတ်ဆို့ထားကြောင်း လူထုနွေဦး၏ ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

သတင်း

မြို့မကျောင်းဆရာတော်က ပြည်သူများထွက်ခွာခွင့်ပေးရန် စစ်ကောင်စီထံတောင်းဆိုသော်လည်းထွက်ခွင့်မ​ပေး

သတင်း

မီဒီယာ နှင့် တက်ကြွလှုပ်ရှားသူများသတင်း​ဖော်ပြရာတွင်လူထုတိမ်းရှောင်​နေ​သော​နေရာများမ​ဖော်ပြရန် ပန်ကြား

သတင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ဝန်းကျင်နှင့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းရှိရာ ဒေါနတောင်တွင် နေ့စဉ်တိုက်ပွဲပြင်းထန်နေရာ အောင်ဇေယျစစ်ကြောင်း အထိနာပြီး ဖရိုဖရဲဖြစ်နေသည်ဟု လူထုနွေဦး၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။