Connect with us

Hi, what are you looking for?

News

မသဉ္ဇာဟိန်း ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အဖြစ် စစ်ကောင်စီတပ်စွဲထားသော နေရာများအား တိုက်ခိုက်ခဲ့ကြောင်း Monywa Unity Force ပြော

“အရင်တုန်းကတော့ ကျွန်တော်တို့နဲ့ သပိတ်စစ်ကြောင်းတွေအတူတူ ချီတက်ခဲ့ကြတဲ့သူပါ။ ဒါကြောင့်သူ့နှစ်လည်နေ့မှာ သွေးကြွေးပြန်ဆပ်တာ။”ဟု Unity Force Monywa အဖွဲ့သားတစ်ဦးက ပြောသည်။

မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ဦးခေါင်း ကျည်ထိမှန် ကျဆုံးခဲ့ရသည့် မသဉ္ဇာဟိန်း ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ယမန်နေ့ညက မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသောနေရာများအား လက်ပစ်မိုင်းများဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း Monywa Unity Forceအဖွဲ့ က ပြောသည်။

မတ်လ ၂၇ ရက်နေ့ ည၇ နာရီမှ ၈နာရီအတွင်း မုံရွာမြို့၌ အကြမ်းဖက် စစ်ကောင်စီတပ်များရှိသော ဆည်မြောင်းရုံး၊ ပေ ၈၀လမ်း စစ်ဆေးရေးဂိတ်၊ ကျောက္ကာလမ်း Mobile One အနီးနှင့် ရန်ကင်းဆိုင်းဘုတ် နေရာများကို Unity Force Monywa (UFM) နှင့် Brother Defense Force (BDF)မဟာမိတ် ညီနောင်တိုက်ခိုက်ရေးအဖွဲ့နှစ်ဖွဲ့ပေါင်း၍ လက်ပစ် မိုင်းများဖြင့် ပစ်ပေါက်ဖောက်ခွဲခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိနိုင်ကြောင်း၊ ရဲဘော်များ ဘေးကင်းလုံခြုံသောနေရာသို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း Unity Force Monywaက ပြောသည်။

“အရင်တုန်းကတော့ ကျွန်တော်တို့နဲ့ သပိတ်စစ်ကြောင်းတွေအတူတူ ချီတက်ခဲ့ကြတဲ့သူပါ။ ဒါကြောင့်သူ့နှစ်လည်နေ့မှာ သွေးကြွေးပြန်ဆပ်တာ။”ဟု Unity Force Monywa အဖွဲ့သားတစ်ဦးက ပြောသည်။

မုံရွာသူနာပြု သားဖွားသင်တန်းကျောင်း ဒုတိယနှစ်တွင် ပညာသင်ယူခဲ့သော မသဉ္ဇာဟိန်း သည်ပြီးခဲ့သည့် ၂၀၂၁ မတ်လ ၂၈ ရက်က မုံရွာမြို့လူထု တော်လှန်ရေးတိုက်ပွဲ၌ အကြမ်းဖက် စစ်ကောင်စီ၏ သေနတ်ဖြင့် ပစ်ခက်မှု ကြောင့် ဦးခေါင်းကျည်ထိမှန်၍ အသက်ဆုံးရှုံးခဲ့ရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။