Connect with us

Hi, what are you looking for?

News

ဒီးမော့ဆို၌ စစ်ကောင်စီတပ် လက်နက်ကြီးရမ်းသန်းပစ်ခတ်၍ နေအိမ်တစ်လုံး ပျက်စီး

မတ်လ ၃၁ရက် နံနက်၇နာရီခန့်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ် ခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှု မရှိကြောင်း ဖော်ပြသည်။

(စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပျက်စီးသွား သည့် နေအိမ်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့အရှေ့ဘက်ခြမ်း ဒေါခူလီကျေးရွာသို့ စစ်ကောင်စီ တပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့၍ လူနေအိမ်တစ်လုံး ပျက်စီးခဲ့ ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF) တပ်ရင်း-၁၀လက သတင်းထုတ်ပြန်သည်။

Public Service Announcement

မတ်လ ၃၁ရက် နံနက်၇နာရီခန့်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ် ခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှု မရှိကြောင်း ဖော်ပြသည်။

ဖေဖော်ဝါရီလလယ်မှ မတ်လဒုတိယအပတ်အတွင်း တိုက်ပွဲများပြင်းထန်ခဲ့သည့် ဒီးမော့ဆို မြို့နယ်တွင် လတ်တလောကာလ၌ စစ်ရေးအခြေအနေ အနည်းငယ် ငြိမ်သွားသော်လည်း စစ်ကောင်စီတပ်များက ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒီးမော့ဆို PDF က သတင်းထုတ်ပြန်ထားသည်။ ဒီးမော့ဆိုမြို့နယ်မှ ပြည်သူလူထုနေအိမ် ၂၈၀ခန့်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။