Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာနဲ့ ရုံးချိန်းပြန်တက်

ဒီလိုမတက်ရောက်နိုင်ခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အနားက အမျိုးသမီးတစ်ဦး ကိုဗစ်ကူးစက်ခံရတဲ့အတွက် ကွာရင်းတင်းဝင်နေရတာဖြစ်တယ်လို့ သိရပါတယ်။

ကွာရင်းတင်းဝင်ပြီးတဲ့နောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာစွာနဲ့ ဒီနေ့ နေပြည်တော်က ရုံးချိန်းကို တက်ရောက်လာတယ်လို့ တရားရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ် ရုံးချိန်းတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မတက်ရောက်နိုင်ခဲ့ပါဘူး။

ဒီလိုမတက်ရောက်နိုင်ခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အနားက အမျိုးသမီးတစ်ဦး ကိုဗစ်ကူးစက်ခံရတဲ့အတွက် ကွာရင်းတင်းဝင်နေရတာဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ကိုဗစ်ကူးစက်မခံခဲ့ရပါဘူး။

Public Service Announcement

Public Service Announcement

ဒီနေ့ ရုံးချိန်းကိုလာရောက်ချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်ပုံရတယ်လို့ တရားရုံးအသိုင်းအဝိုင်းကတဆင့်သိရပါတယ်။

ဒီနေ့ရုံးချိန်းကတော့ စစ်ကောင်စီက အစိုးရလျှို့ဝှက်အက်နဲ့စွဲဆိုတဲ့ အမှုပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။