Connect with us

Hi, what are you looking for?

News

ရွှေကူမြို့နယ်တွင် စုန်ဆင်းလာသည့် စစ်​ကောင်စီတပ် ရိက္ခာတင်စက်​လှေများကို ဗိုလ်မိုဃ်းကြိုးဦး​​ဆောင်​သော မြို့လှ PDF တိုက်ခိုက်

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ် ဒေသများတွင် အကြမ်းဖက်စစ်တပ်နှင့် မြို့လှ PDFတို့ မကြာခဏ တိုက်ပွဲများဖြစ်ပွားနေပြီး မတ်လအတွင်း ထိတွေ့မှု အနည်းဆုံး ငါးကြိမ်ရှိခဲ့သည်။

ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ကြီးရွာမှ မြို့လှ​ကျေးရွာသို့ စုန်ဆင်းလာသည့် အကြမ်းဖက်စစ်ကောင် စီ၏ လက်နက်ရိက္ခာတင် စက်လှေ ၆စီးကို စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း မြို့လှ PDFက ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၁ရက်)နံနက် ၇ နာရီခန့်က စစ်ကောင်စီ၏ စက်လှေများကို ဗိုလ်မိုဃ်းကြိုးဦးဆောင်၍ တိုက်ခိုက်မှုတွင် စက်လှေအချို့ ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သားများထိခိုက်မှု အများအပြားရှိနိုင်သည်ဟု မြို့လှ PDFက ဆိုသည်။

ယမန်နေ့ကလည်း ကသာမြို့နယ် ချောင်းဝရွာမှ ခြေလျှင်စစ် ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ်သာများထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း အသိပေးထားသည်။

မြို့လှ PDF တပ်ရင်း နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ခမရ(၄၁၅)မှ အင်အား ၇၈ဦးပါအဖွဲ့ကို (မတ်လ ၃၁) နံနက် ၆နာရီခွဲ၌ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ် ဒေသများတွင် အကြမ်းဖက်စစ်တပ်နှင့် မြို့လှ PDFတို့ မကြာခဏ တိုက်ပွဲများဖြစ်ပွားနေပြီး မတ်လအတွင်း ထိတွေ့မှု အနည်းဆုံး ငါးကြိမ်ရှိခဲ့သည်။

အကြမ်းဖက်စစ်​ကောင်စီတပ်သည် စစ်ကိုင်းတိုင်းမှ ကချင်ပြည်နယ်သို့ အင်အားနှင့် ရိက္ခာများတင်ပို့ရာတွင် ​ရေလမ်း​ကြောင်းမှ တစ်ဆင့်တင်ပို့အသုံးပြု​နေသည်။ ထို့သို့ တင်ပို့မှုများ​ကြောင့် စစ်ကိုင်းတိုင်းနှင့် ကချင် ပြည်နယ်အတွင်းရှိ ​ဒေသကာကွယ်​ရေးတပ်များက မကြာခဏ​​စောင့်ကြိုတိုက်ခိုက်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook