Connect with us

Hi, what are you looking for?

News

ကျောက်စိမ်းရိုင်းတူး​ဖော်ခွင့်မပြုဟုစစ်​ကောင်စီ​ဆို၊ တရားမဝင်အပြိုင်တူး​ဖော်​နေကြချိန်တွင်စစ်​ကောင်စီ​ကြေညာချက်မှာဟန်ပြဟုသုံးသပ်ကြ

စစ်ကောင်စီ၏ ထုတ်ပြန်ချက်သည် သက်ရောက်မူမရှိဘဲ မြေပြင်တွင်လည်း တရားဝင်တူးဖော်သည့် လုပ်ငန်းများမရှိတော့ဘဲ တရားမဝင်တူးဖော်သည့် လုပ်ကွက်များသာရှိတော့သည်ဟု ဖားကန့်ဒေသခံတစ်ဦးကပြောသည်။

လုံးခင်း၊ဖားကန့်နှင့်မော်လူး၊မော်ဟန် ရတနာနယ်မြေများမှ ကျောက်စိမ်းရိုင်းတူးဖော်ထုတ်လုပ်ခြင်းကိုခွင့်မပြုကြောင်း အကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းက စစ်ကောင်စီဝါဒဖြန့်သတင်းစာတွင်​ကြေညာသည်။

နိုင်ငံပိုင်ကျောက်မျက်ရတနာများကို သားစဉ်မြေးဆက် ရေရှည်သုံးစွဲနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက်ဖြစ်သည်ဟုစစ်ကောင်စီက အကြောင်းပြထားသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်သည် သက်ရောက်မူမရှိဘဲ မြေပြင်တွင်လည်း တရားဝင်တူးဖော်သည့် လုပ်ငန်းများမရှိတော့ဘဲ တရားမဝင်တူးဖော်သည့် လုပ်ကွက်များသာရှိတော့သည်ဟု ဖားကန့်ဒေသခံတစ်ဦးကပြောသည်။

“အခုချိန်မှာ အကုန်လုံးကမှောင်ခိုတူးတယ်၊ မြန်မြန်တူးတယ်၊ စစ်ကောင်စီက ရပ်တယ်ဆိုတာလဲ ဟန်ပြပါပဲ”ဟု ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

တရားမဝင်​ကျောက်စိမ်းတူး​ဖော်​သောကုမ္ပဏီများသည် စစ်​ကောင်စီနှင့်နီးစပ်သူများဖြစ်​ကြောင်းလည်း​ဒေသခံအချို့က​ပြောသည်။

ကချင်လွတ်​မြောက်​ရေးတပ်မ​တော်-KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်​မော်က စစ်​ကောင်စီ၏ အထက်ပါထုတ်ပြန်ချက်ကို ​နားမလည်နိုင်သဖြင့် ​မေးခွန်းထုတ်သည့်ပုံစံဖြင့် ​မေးခွန်းသက်တ(?) နှင့် Mizzima သတင်းဌာနက​ဖော်ပြထား​ခဲ့ဖူးသော ဧပြီ ၁ ရက်တွင် နိုင်ငံတကာ၌ April Fool Day အဖြစ် သတင်းမှား၊သတင်းတု များတင်တက်ပုံကိုရှင်းပြထား​သောစာဖြင့် ၎င်း၏​​ဖေစ်ဘွခ်တွဲတင်၍ ​မေးခွန်းထုတ်ထားသည်။

စစ်​ကောင်စီက အဆိုပါ​ကြေညာချက်ကို ၎င်းတို့ဝါဒဖြန့်သတင်းစာတွင်​ထဘ့်သွင်း​ဖော်ပြရာ၌ မထင်မရှား​ဖော်ပြခဲ့သည်ကိုလည်း​တွေ့ရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကျောက်စိမ်းနှင့် ရွှေတူးဖော်အဆမတန်မြင့်တက်လာသည်ဟု ကမ္ဘာ့ဘဏ်က ၂၀၂၂ ဇန်နဝါရီလတွင် ထုတ်ပြန်သည့် မြန်မာ့စီးပွားရေးလေ့လာစောင့်ကြည့်ရေးအစီရင်ခံစာတွင်ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။