Connect with us

Hi, what are you looking for?

LuduNwayOo

News

မြောက်ဥက္ကလာ (ည)ရပ်ကွက် အုပ်ကြီးရုံး မိုလို​တော့ပ်ဖြင့် တိုက်ခိုက်ခံရ၍ မီး​လောင်

ဧပြီ ၁ ရက် နံနက်အစောပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးရုံး မီးလောင်ပျက်စီးခဲ့သည်ဟု JBF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

People's Spring
People's Spring

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (ည)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မိုလို​တော့ပ်(Molotov)ဖြင့် တိုက်ခိုက်ခဲ့ရာ မီးလောင်ပျက်စီးခဲ့ကြောင်း တရားမျှတမှုယူဆောင်သူတပ်ဖွဲ့ (Justice Bringer Force -JBF)က သတင်းထုတ်ပြန်သည်။

ဧပြီ ၁ ရက် နံနက်အစောပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးရုံး မီးလောင်ပျက်စီးခဲ့သည်ဟု JBF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းတို့အဖွဲ့အနေဖြင့် မတ်လ ၂၇ရက် ညနေကလည်း မြောက်ဥက္ကလာပမြို့နယ် ပညာရေးမှုးရုံးကို တိုက်ခိုက်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်သည့်နေရာများ ၊ အုပ်ချုပ်ရေးမှူးရုံး ၊ စည်ပင်ရုံး နှင့် ပညာရေးဌာန စသည့်နေရာများသို့ သွားလာခြင်းမပြုရန် JBF က မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။