ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (ည)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မိုလိုတော့ပ်(Molotov)ဖြင့် တိုက်ခိုက်ခဲ့ရာ မီးလောင်ပျက်စီးခဲ့ကြောင်း တရားမျှတမှုယူဆောင်သူတပ်ဖွဲ့ (Justice Bringer Force -JBF)က သတင်းထုတ်ပြန်သည်။
ဧပြီ ၁ ရက် နံနက်အစောပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးရုံး မီးလောင်ပျက်စီးခဲ့သည်ဟု JBF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းတို့အဖွဲ့အနေဖြင့် မတ်လ ၂၇ရက် ညနေကလည်း မြောက်ဥက္ကလာပမြို့နယ် ပညာရေးမှုးရုံးကို တိုက်ခိုက်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်သည့်နေရာများ ၊ အုပ်ချုပ်ရေးမှူးရုံး ၊ စည်ပင်ရုံး နှင့် ပညာရေးဌာန စသည့်နေရာများသို့ သွားလာခြင်းမပြုရန် JBF က မေတ္တာရပ်ခံထားသည်။