Connect with us

Hi, what are you looking for?

News

မြောက်ဥက္ကလာ (ည)ရပ်ကွက် အုပ်ကြီးရုံး မိုလို​တော့ပ်ဖြင့် တိုက်ခိုက်ခံရ၍ မီး​လောင်

ဧပြီ ၁ ရက် နံနက်အစောပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးရုံး မီးလောင်ပျက်စီးခဲ့သည်ဟု JBF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

People's Spring
People's Spring

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (ည)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မိုလို​တော့ပ်(Molotov)ဖြင့် တိုက်ခိုက်ခဲ့ရာ မီးလောင်ပျက်စီးခဲ့ကြောင်း တရားမျှတမှုယူဆောင်သူတပ်ဖွဲ့ (Justice Bringer Force -JBF)က သတင်းထုတ်ပြန်သည်။

ဧပြီ ၁ ရက် နံနက်အစောပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးရုံး မီးလောင်ပျက်စီးခဲ့သည်ဟု JBF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းတို့အဖွဲ့အနေဖြင့် မတ်လ ၂၇ရက် ညနေကလည်း မြောက်ဥက္ကလာပမြို့နယ် ပညာရေးမှုးရုံးကို တိုက်ခိုက်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်သည့်နေရာများ ၊ အုပ်ချုပ်ရေးမှူးရုံး ၊ စည်ပင်ရုံး နှင့် ပညာရေးဌာန စသည့်နေရာများသို့ သွားလာခြင်းမပြုရန် JBF က မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။