စစ်ကောင်စီက ရုပ်ရှင်ရုံတွေကို နှစ်ဆန်းတစ်ရက် (ဧပြီ ၁၇) မှာ ပြန်ဖွင့်မယ်လို့ ကြေညာထားတဲ့အတိုင်း ရန်ကုန်မြို့လယ်က ရုပ်ရှင်ရုံတွေမှာ ပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။
သမ္မတ၊သွင်၊ရှေ့ဆောင် စတဲ့ ရုပ်ရှင်ရုံတွေမှာတော့ လူမင်း ၊နေမင်း ၊ရွှေမှုံရတီတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဝေးမနေချင်ဘူး ရုပ်ရှင်ပိုစတာတွေကို ရုံတွေမှာ ချိတ်ဆွဲထားပါပြီ။
အင်္ဂလိပ်ကားတွေ ရုံတင်ပြသတဲ့ နေပြည်တော် ရုပ်ရှင်ရုံမှာတော့ ရုံတွေပိတ်ရတဲ့အချိန်ကတည်းက တင်ထားတဲ့ ပိုစတာတွေကိုပဲ တွေ့ခဲ့ရပါတယ်။
သိမ်ကြီးဈေးမှာရှိတဲ့ မင်္ဂလာရုပ်ရှင်ရုံမှာလည်း အရင်ဇာတ်ကားတွေရဲ့ ပိုစတာတွေပဲ ချိတ်ထားတာတွေ့ရပါတယ်။

Public Service Announcement
စစ်ကောင်စီက ရန်ကုန်မှာပြည်သူတွေပုံမှန် ပြန်လည်သွားလာနေတာကို ပြသချင်တာကြောင့် ကိုဗစ်ကာလကတည်းကပိတ်ထားတဲ့ ရုပ်ရှင်ရုံတွေကို ပြန်လည်ဖွင့်ဖို့ ဖိအားပေးလုပ်ဆောင်နေတာပါ။
ပြည်သူတွေကတော့ ဒီကာလမှာ ရုပ်ရှင်တွေ ရုံတင်ရင် သွားမကြည့်ဖို့ တိုက်တွန်းပြောဆိုမှုတွေရှိနေပါတယ်။
စစ်ကောင်စီကတော့ ရုံတင်ဇာတ်ကားတွေကိုတောင် ပြည်သူဘက်မှာရပ်တည်ခဲ့လို့ မတရားပုဒ်မတပ်ဖမ်းဆီးခံခဲ့ရတဲ့ အနုပညာရှင်တွေရဲ့ ဇာတ်ကားတွေကို ဆက်တိုက်ပြသဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
အရင်ရုံတင်စနစ်အရ ပြသရမယ့် မြင့်မြတ်နဲ့ ယုန်လေးတို့ ရဲ့ အော်ရဂျင်နယ်ဂန်းစတား ၃ ရုပ်ရှင်ကတော့ ရုံတင်မယ့် စာရင်းမှာ ပါဝင်လာခြင်းမရှိသေးပါဘူး။


















































