Connect with us

Hi, what are you looking for?

News

စစ်ကိုင်းတိုင်းအတွင်းရှိလမ်း​ကြောင်းများ ယာဥ်စီးခ အဆမတန် မြင့်တက်​နေ

စစ်ကိုင်းတိုင်းအတွင်း ယာဥ်စီးခဈေးနှုန်းများ အဆ မတန်မြင့်တက်နေ၍ ခရီးသွားပြည်သူများ အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

မုံရွာ-မန္တလေးလမ်းတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့စဥ် စောင့်ဆိုင်းနေသော ခရီးသည်တင်ယာဥ်များ၊ ဓာတ်ပုံ-CJ

၂၈မိုင်ခရီးသာရှိသည့် ရေဦး – ရွှေဘို ယာဥ်စီးခ တစ်သောင်းကျပ်၊ ၅၄ မိုင်ခရီးရှိသည့် ရေဦး – မုံရွာလမ်း တစ်သောင်းခွဲကျပ်၊ မိုင် ၁၁၀ရှိသည့် ရေဦး – မန္တလေး ခရီးလမ်း နှစ်သောင်းခွဲကျပ် စသဖြင့် သောင်းကျော်ပေး၍ သွားလာနေရကြောင်း၊ ယခင်က အဆိုပါလမ်းပိုင်းများတွင် ခရီးသည်တစ်ဦး ထောင်ဂဏန်းဝန်းကျင်သာရှိပြီး အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် အဆမတန်မြင့်တက်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြော သည်။

“ကားဂိတ်ကနေစီးရင် ကားတွေကို ဂိတ်ကြေးဖြတ်တဲ့အတွက် ဈေးမလျှော့ဘူး။ အတိအကျပေးရတယ်။ လမ်းကတားစီးရင် ဈေးလျှော့တယ်။ တခြား ကြားကားတွေကတော့ ရွာအထိလာခေါ်တယ်။ဈေးလဲလျှော့တယ်လို့ ပြောနေကြပါသည်။ ဈေးလျှော့တဲ့ကားက လူစီးများတယ်။ နူန်းထားတွေက သက်မှတ်ချက်တော့ အသေမရှိပါဘူး။ အခြေအနေအရ ကြည့်ပေးနေရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါလမ်းပိုင်းများတွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်း PDF အဖွဲ့များက မကြာခဏ ခုခံတိုက် ခိုက်နေကြပြီး အန္တရာယ်များသည့်အတွက် ခရီးသည်တင်ကားများပါ အသွားအလာနည်းပြီး စျေးနှုန်းမြင့်လာခြင်းဖြစ်နိုင်ကြောင်း၊ ဆီစျေးကြီးမှုကြောင့်လည်း ပါဝင်ကြောင်း ဒေသခံအချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook