Connect with us

Hi, what are you looking for?

News

စစ်ကောင်စီရဲ့ ဒေါ်လာ မူဝါဒ အကျပ်ရိုက်စေတယ်လို့ ဂျပန်နဲ့စင်ကာပူသံရုံး ထုတ်ပြန်လာ

ဂျပန်သံရုံးရဲ့ထုတ်ပြန်ချက်မှာဆိုရင် မြန်မာပြည်တွင်းမှာရှိတဲ့ဂျပန်သံရုံး ၊ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၊ ဂျပန်ပြည်ပကုန်သွယ်မှုအဖွဲ့ (JETRO)စတဲ့ အဖွဲ့အစည်းတွေကို ကင်းလွတ်ခွင့်ပြုရမယ်လို့ပါရှိပါတယ်။

Photo - kubota.com

နိုင်ငံအတွင်းကိုဝင်လာတဲ့ နိုင်ငံခြားငွေတွေကို တစ်ရက်အတွင်းမှာတင် ကျပ်ငွေနဲ့လဲလှယ်ရောင်းချရမယ်ဆိုတဲ့စစ်ကောင်စီမူဝါဒအပေါ် မြန်မာနိုင်ငံမှာရှိတဲ့ ဂျပန်နဲ့ စင်ကာပူသံရုံးတို့က ဝေဖန်လိုက်ပါတယ်။

စစ်ကောင်စီရဲ့ မူဝါဒ သစ်ကြောင့် မြန်မာနိုင်ငံအတွင်း မှာလုပ်ကိုင်နေတဲ့ ဂျပန်ကုမ္ပဏီ တွေ နဲ့ စင်ကာပူကုမ္ပဏီတွေဟာ အခက်အခဲကြီးကြီးမားမား ကြုံလာမှာဖြစ်ပြီး ဆက်လက်လုပ်ကိုင်ဖို့လည်း စိန်ခေါ်မှုတွေရှိလာမယ်လို့ အဲဒီ သံရုံးတွေက သီးခြားစီ သဘောထား ထုတ်ပြန်ထားကြပါတယ်။

ဒါကြောင့် ပြည်တွင်းမှာ လာရောက်လုပ်ကိုင်တဲ့ စင်ကာပူနဲ့ ဂျပန်နိုင်ငံ ကုမ္ပဏီတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒီမူဝါဒကနေ ကင်းလွတ်ခွင့်ပြုဖို့စစ်ကောင်စီကို တောင်းဆိုထားတာတွေ့ရပါတယ်။

ဂျပန်သံရုံးရဲ့ထုတ်ပြန်ချက်မှာဆိုရင် မြန်မာပြည်တွင်းမှာရှိတဲ့ဂျပန်သံရုံး ၊ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၊ ဂျပန်ပြည်ပကုန်သွယ်မှုအဖွဲ့ (JETRO)စတဲ့ အဖွဲ့အစည်းတွေကို ကင်းလွတ်ခွင့်ပြုရမယ်လို့ပါရှိပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ ပြည်တွင်း က နိုင်ငံခြားငွေ ဘဏ်အကောင့်တွေကို ရောက်လာတဲ့ နိုင်ငံခြားငွေတွေကို တစ်ရက်အတွင်း ကျပ်ငွေ လဲလှယ်ရမယ်လို့ ဧပြီလ ၃ ရက်က ထုတ်ပြန်လိုက်တာပါ။

ဒီလိုလဲလှယ်ရာမှာလည်း အမေရိကန်ဒေါ်လာဆိုရင် ပြင်ပပေါက်ဈေးထက် လျော့နည်းတဲ့ တစ်ဒေါ်လာကို ၁၈၅၀ ကျပ်နှုန်းနဲ့လဲလှယ်ရမယ်လို့သတ်မှတ်ထားတာဖြစ်ပါတယ်။

အခြားသော နိုင်ငံခြားငွေကြေးတွေကိုလည်း စစ်ကောင်စီက ဈေးသတ်မှတ်ထားပါသေးတယ်။

သူတိုရဲ့ညွှန်ကြားချက်ကို မလိုက်နာရင်တော့ အာဏာသိမ်းပြီးနောက်အသစ်ပြင်ဆင်ရေးဆွဲထားတဲ့ နိုင်ငံခြားရေးစီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အဲဒီဥပဒေအရဆိုရင် ထောင်ဒဏ် ၁ နှစ်အထိချလို့ရတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

နိုင်ငံတကာ

စစ်ကို တားဆီးဖို့အတွက် ဂျပန်ဟာ စစ်အင်အားကို ကျိန်းသေပေါက် ဖြည့်တင်းဖို့လိုကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ပြောကြားခဲ့ပါတယ်။