Connect with us

Hi, what are you looking for?

News

စစ်ကိုင်းတိုင်းရှိ ရွာနန်းရွာအား စစ်ကောင်စီတပ်ဝင်ရောက်စီးနင်းမီးရှို့ပြီး အမယ်အိုတစ်ဦးနှင့် အမျိုးသားတစ်ဦးအား သတ်ဖြတ်သွား

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ရွာနန်းရွာမှ အိမ်ခြေ ၂၀၀ ကျော်မီးလောင်ပျက်စီးခဲ့ကာ ကျွဲ၊နွား၊ ဝက် စသည့် အိမ်မွေးတိရစ္ဆာန် အကောင်ရေ ၁၀၀ ကျော်လည်း သေဆုံးခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

(မီးလောင်ကျွမ်းပျက်စီးသွားသော ရွာနန်းကျေးရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ရွာနန်းကျေးရွာအား အကြမ်းဖက်စစ်ကောင်စီ တပ် ဝင်ရောက်စီးနင်းမီးရှို့၍ နေအိမ် ၂၀၀ကျော် မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး သက်ကြီးရွယ်အို တစ်ဦးနှင့် အမျိုးသားတစ်ဦးလည်း သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

(မီးလောင်ကျွမ်းပျက်စီးသွားသော ရွာနန်းကျေးရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်း တပ်မ(၃၃) စစ်ကောင်စီတပ်နှင့် ညောင်ငုပ်တို ပျူစောထီးအဖွဲ့ အင်အား၁၀၀ခန့်သည် သင်္ကန်းခြုံဘုန်ကြီးအယောင်ဆောင် တစ်ဦးနှင့် အမျိုးသမီးအချို့လမ်းပြမှုဖြင့် ဝက်လက်မြို့နယ် ရွာနန်းရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်လာကာ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးအဖွဲ့က (၇၀)အရွယ် အမယ်အိုတစ်ဦး၊ (၃၂) နှစ်ခန့် အမျိုးသားတစ်ဦးကို အကြောင်းမဲ့ သတ်ဖြတ်သွားခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

Public Service Announcement

“ကျွန်တော်တို့နေတဲ့ဘက်တစ်ခြမ်းလုံး အိမ် ၃၀၀ ကျော်လောက်ပါသွားတာ။ တောင်ဘက်က နေစပြီးလောင်တာ။ ခုချိန်ထိမီးကမငြိမ်သေးဘူး။ ဘာမှကိုမရလိုက်ဘူး။ မီးလောင်ခံရတဲ့ အဖွားက ခြေကလည်းကျိုးထားတော့ မပြေးနိုင်တာ”ဟု ဒေသခံတစ်ဦးက People’s Spring သို့ပြောသည်။

(မီးလောင်ကျွမ်းပျက်စီးသွားသော ရွာနန်းကျေးရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ရွာနန်းရွာမှ အိမ်ခြေ ၂၀၀ ကျော်မီးလောင်ပျက်စီးခဲ့ကာ ကျွဲ၊နွား၊ ဝက် စသည့် အိမ်မွေးတိရစ္ဆာန် အကောင်ရေ ၁၀၀ ကျော်လည်း သေဆုံးခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

(မီးလောင်ကျွမ်းပျက်စီးသွားသော ရွာနန်းကျေးရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)

ယမန်နေ့ညနေပိုင်းကလည်း စစ်ကိုင်းမြို့နယ်၊ ဆားတောင်နယ်ရှိ ညောင်ငုပ်တိုရွာတွင် စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီးများနှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပျူစောထီး ငါးဦးခန့်သေဆုံးခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းတွင် နယ်မြေချင်းနီးသည့် ရွာနန်းကျေးရွာအားအကြမ်းဖက်စစ်တပ်က ဝင်ရောက် ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။