Connect with us

Hi, what are you looking for?

News

(၄)နှစ်အရွယ်ကလေးငယ်အား အကြမ်းဖက်စစ်ကောင်စီဖမ်းဆီးမှု NUG ပြင်းထန်စွာ ရှုတ်ချ

နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း မြန်မာနိုင်ငံရှိ ကလေးသူငယ်များ အားလုံး၏ လုံခြုံ ရေး၊ အသက်ရှင်သန်ရေးတို့ကို ငဲ့ကွက်၍ အကြမ်းဖက် စစ်ကောင်စီအပေါ် ထိရောက်ပြင်းထန်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် NUG က တိုက်တွန်းသည်။

ဓာတ်ပုံ - ​ခေတ်သစ်မီဒီယာ

ကလေးသူငယ်များ၏ လုံခြုံရေး၊အသက်ရှင်သန်ရေးတို့အတွက် စစ်ကောင်စီအပေါ် ပြင်းထန်စွာ အရေးယူရန် နိုင်ငံတကာကို တောင်းဆို

ဖခင်ကို ဖမ်းမမိသဖြင့် (၄)နှစ်အရွယ်ကလေးငယ်အား အကြမ်းဖက်စစ်ကောင်စီ ကဖမ်းဆီးခဲ့မှုကို ပြင်းထန်စွာရှုတ်ချပြီး တရားစီရင်မှုပြုလုပ်နိုင်ရေး လုပ်ဆောင်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ထုတ်ပြန်သည်။

ကလေးငယ်များအား သတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးထောင်ချခြင်း၊ ကလေးသူငယ်များကို ပြန် ပေးဆွဲကာ မိဘများကို လာရောက်အဖမ်း ခံခိုင်းခြင်းစသည့် အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်သောလုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချပြီး အဆိုပါဖြစ်ရပ်တိုင်းတွင် တစုံတရာပါဝင်ပတ်သက် သူများကို စုံစမ်းဖော်ထုတ်ကာ ထိုက်သင့်သော တရားစီရင်မှု ပြုလုပ်နိုင် ရေးအတွက် အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမည်ဟု ထုတ်ပြန်သည်။

နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း မြန်မာနိုင်ငံရှိ ကလေးသူငယ်များ အားလုံး၏ လုံခြုံ ရေး၊ အသက်ရှင်သန်ရေးတို့ကို ငဲ့ကွက်၍ အကြမ်းဖက် စစ်ကောင်စီအပေါ် ထိရောက်ပြင်းထန်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် NUG က တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သော ဧပြီ ၅ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်များဖြင့် အသက် ၄ နှစ်အရွယ်ကလေးငယ်ကို အလုံမြို့နယ်ရှိ မူကြိုကျောင်းသို့ လာရောက်ဖမ်းဆီးခဲ့သည်။ ကလေးငယ်ကို ဖမ်းဆီးခေါ်ဆောင်သွားချိန်မှစ၍ ယခုအချိန်အထိ မည်သည့်နေရာတွင် ထားရှိသည်ကို မသိရသေးပေ။ အဆိုပါက​လေးငယ်၏ ​မွေး​နေ့မှာ ၂၀၁၉ ခုနှစ် ဧပြီ ၅ ရက်ဖြစ်၍ ၃ နှစ်​ကျော်သည်မှာ ရက်ပိုင်းသာ ရှိ​သေးသည်။ ဧပြီ ၆ ရက်တွင်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်၍ ၃ နှစ် နှင့်
၁ ရက်သားတွင်ဖမ်းဆီးခံရခြင်းဖြစ်သည်။

အဆိုပါ ကလေးငယ်၏ မိခင်ကိုလည်းဖမ်းဆီးထားပြီး စစ်ကြောရေးလုပ်ဆောင် နေစဉ် ကလေးငယ်ကို ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ကလေးငယ်နှင့် မိခင်တို့၏ အသက်အန္တရာယ်ပါ စိုးရိမ်ဖွယ် ရာအခြေအနေဖြစ်ကြောင်း NUG က ထုတ်ပြန်သည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်တွင် ချောက်မြို့နယ်၌ ကလေးသူငယ် ၂၀ ဦးကို ဖမ်းဆီးခြိမ်းခြောက်ခြင်း၊ မတ်လ ၆ ရက်တွင် ပေါက်မြို့နယ်၌ (၄)နှစ်အရွယ် ကလေးငယ်ကို လှံစွပ်ဖြင့် ထိုးသတ်ခြင်းအပါအဝင် အလိုရှိသူများကို ဖမ်းဆီးနိုင်ခြင်းမရှိ၍ မိသားစုဝင်များဖြစ်သည့် ကလေး သူငယ်များ၊ သက်ကြီးရွယ်အိုများကို ဓါးစာခံအဖြစ် ဖမ်းဆီးသည့်လုပ်ရပ်များကို အကြမ်း ဖက်စစ်ကောင်စီက သူရဲဘောကြောင်စွာလုပ်ဆောင်ခဲ့ပြီး စစ်ရာဇဝတ်မှုများကို ကျူးလွန်နေကြောင်း NUG က ဆိုသည်။

ထို့အပြင် အဆိုပါ ကလေးငယ် ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး ယူနီဆက်က ထုတ်ပြန်ချက်ကြေညာချက် တစ်စုံတစ်ရာ ပြုလုပ်ခြင်းမရှိသည့်အပေါ်တွင် လည်း ပြည်သူများက ဝေဖန်နေသည်။

NUG ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ပြုစုထားသော စာရင်းများ အရ အာဏာသိမ်းပြီးနောက်ပိုင်းမှ ဧပြီ ၄ ရက်အထိ အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်မှုကြောင့် (၁၈) နှစ်အောက် ကလေးသူငယ် ၁၃၂ ဦးသေဆုံးခဲ့ပြီး ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရသူများအနက် နှစ်ဦးမှာ သေဒဏ်ချမှတ်ခံထားရပြီး တစ်ဦးမှာ (၁၅)နှစ်အောက် အရွယ်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။