Connect with us

Hi, what are you looking for?

News

(၄)နှစ်အရွယ်ကလေးငယ်အား အကြမ်းဖက်စစ်ကောင်စီဖမ်းဆီးမှု NUG ပြင်းထန်စွာ ရှုတ်ချ

နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း မြန်မာနိုင်ငံရှိ ကလေးသူငယ်များ အားလုံး၏ လုံခြုံ ရေး၊ အသက်ရှင်သန်ရေးတို့ကို ငဲ့ကွက်၍ အကြမ်းဖက် စစ်ကောင်စီအပေါ် ထိရောက်ပြင်းထန်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် NUG က တိုက်တွန်းသည်။

ဓာတ်ပုံ - ​ခေတ်သစ်မီဒီယာ

ကလေးသူငယ်များ၏ လုံခြုံရေး၊အသက်ရှင်သန်ရေးတို့အတွက် စစ်ကောင်စီအပေါ် ပြင်းထန်စွာ အရေးယူရန် နိုင်ငံတကာကို တောင်းဆို

ဖခင်ကို ဖမ်းမမိသဖြင့် (၄)နှစ်အရွယ်ကလေးငယ်အား အကြမ်းဖက်စစ်ကောင်စီ ကဖမ်းဆီးခဲ့မှုကို ပြင်းထန်စွာရှုတ်ချပြီး တရားစီရင်မှုပြုလုပ်နိုင်ရေး လုပ်ဆောင်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ထုတ်ပြန်သည်။

ကလေးငယ်များအား သတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးထောင်ချခြင်း၊ ကလေးသူငယ်များကို ပြန် ပေးဆွဲကာ မိဘများကို လာရောက်အဖမ်း ခံခိုင်းခြင်းစသည့် အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်သောလုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချပြီး အဆိုပါဖြစ်ရပ်တိုင်းတွင် တစုံတရာပါဝင်ပတ်သက် သူများကို စုံစမ်းဖော်ထုတ်ကာ ထိုက်သင့်သော တရားစီရင်မှု ပြုလုပ်နိုင် ရေးအတွက် အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမည်ဟု ထုတ်ပြန်သည်။

နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း မြန်မာနိုင်ငံရှိ ကလေးသူငယ်များ အားလုံး၏ လုံခြုံ ရေး၊ အသက်ရှင်သန်ရေးတို့ကို ငဲ့ကွက်၍ အကြမ်းဖက် စစ်ကောင်စီအပေါ် ထိရောက်ပြင်းထန်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် NUG က တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သော ဧပြီ ၅ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်များဖြင့် အသက် ၄ နှစ်အရွယ်ကလေးငယ်ကို အလုံမြို့နယ်ရှိ မူကြိုကျောင်းသို့ လာရောက်ဖမ်းဆီးခဲ့သည်။ ကလေးငယ်ကို ဖမ်းဆီးခေါ်ဆောင်သွားချိန်မှစ၍ ယခုအချိန်အထိ မည်သည့်နေရာတွင် ထားရှိသည်ကို မသိရသေးပေ။ အဆိုပါက​လေးငယ်၏ ​မွေး​နေ့မှာ ၂၀၁၉ ခုနှစ် ဧပြီ ၅ ရက်ဖြစ်၍ ၃ နှစ်​ကျော်သည်မှာ ရက်ပိုင်းသာ ရှိ​သေးသည်။ ဧပြီ ၆ ရက်တွင်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်၍ ၃ နှစ် နှင့်
၁ ရက်သားတွင်ဖမ်းဆီးခံရခြင်းဖြစ်သည်။

အဆိုပါ ကလေးငယ်၏ မိခင်ကိုလည်းဖမ်းဆီးထားပြီး စစ်ကြောရေးလုပ်ဆောင် နေစဉ် ကလေးငယ်ကို ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ကလေးငယ်နှင့် မိခင်တို့၏ အသက်အန္တရာယ်ပါ စိုးရိမ်ဖွယ် ရာအခြေအနေဖြစ်ကြောင်း NUG က ထုတ်ပြန်သည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်တွင် ချောက်မြို့နယ်၌ ကလေးသူငယ် ၂၀ ဦးကို ဖမ်းဆီးခြိမ်းခြောက်ခြင်း၊ မတ်လ ၆ ရက်တွင် ပေါက်မြို့နယ်၌ (၄)နှစ်အရွယ် ကလေးငယ်ကို လှံစွပ်ဖြင့် ထိုးသတ်ခြင်းအပါအဝင် အလိုရှိသူများကို ဖမ်းဆီးနိုင်ခြင်းမရှိ၍ မိသားစုဝင်များဖြစ်သည့် ကလေး သူငယ်များ၊ သက်ကြီးရွယ်အိုများကို ဓါးစာခံအဖြစ် ဖမ်းဆီးသည့်လုပ်ရပ်များကို အကြမ်း ဖက်စစ်ကောင်စီက သူရဲဘောကြောင်စွာလုပ်ဆောင်ခဲ့ပြီး စစ်ရာဇဝတ်မှုများကို ကျူးလွန်နေကြောင်း NUG က ဆိုသည်။

ထို့အပြင် အဆိုပါ ကလေးငယ် ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး ယူနီဆက်က ထုတ်ပြန်ချက်ကြေညာချက် တစ်စုံတစ်ရာ ပြုလုပ်ခြင်းမရှိသည့်အပေါ်တွင် လည်း ပြည်သူများက ဝေဖန်နေသည်။

NUG ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ပြုစုထားသော စာရင်းများ အရ အာဏာသိမ်းပြီးနောက်ပိုင်းမှ ဧပြီ ၄ ရက်အထိ အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်မှုကြောင့် (၁၈) နှစ်အောက် ကလေးသူငယ် ၁၃၂ ဦးသေဆုံးခဲ့ပြီး ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရသူများအနက် နှစ်ဦးမှာ သေဒဏ်ချမှတ်ခံထားရပြီး တစ်ဦးမှာ (၁၅)နှစ်အောက် အရွယ်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊လွတ်မြောက်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဟန်ချက်ညီညီချိတ်ဆက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူ၀ါလရှီးလအပါအ၀င် တော်လှန်ရေးခေါင်းဆောင်တွေ ဆွေးနွေးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့အတွင်းရေးမှူး ခွန်းရဲခေါင်က ပြောပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေ ညီညွတ်ဖို့၊ စစ်ရေးအရဟန်ချက်ညီဖို့၊ ဗျူဟာမြောက်ပူးပေါင်းမှု ပိုမြှင့်တင်ဖို့ NUG တိုက်တွန်း

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။

သတင်း

လက်နက်ကိုင်တပ် ၁၉ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အောက်တိုဘာ ၁၀ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။