Connect with us

Hi, what are you looking for?

News

ကူ​တော်ရဲစခန်းမှ စစ်​ကောင်စီတပ်ဖွဲ့ဝင်များကို ဂဠုန်တပ်တော်တိုက်ခိုက် သုံးဦး​သေပြီး လက်နက် လေးလက်နှင့် ခဲယမ်းအချို့သိမ်းဆည်းရ

သိမ်းစည်းရရှိသော လက်နက်မျိုးစားများမှာ G3 မောင်းပြန် ရိုင်ဖယ် ၄ လက် ၊ 7•62 ကျည် အမျိုးအစား ၅၄ တောင့် ၊ ကျည်ကာ အက်ျီတစ်ထည် ၊ လက်ပစ် ဗုံးတစ်လုံး၊ လွယ်အိတ် 1လုံးနှင့် ကျည်ဖောက် 6 ခု တို့ဖြစ်သည်။

(သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ)

စစ်ကိုင်းတိုင်း ၊ဘုတလင်မြို့နယ် ကူ​တော်ရဲစခန်း မှစစ်​ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဂဠုန်တပ်တော်တပ်ရင်း ၁ ၏ တပ်စုတစ်စုယ​နေ့ (ဧပြီ ၉ ရက်) ​နေ့လယ်၌ တိုက်ပွဲဖြစ်ပွားရာ စစ်​ကောင်စီတပ်သား သုံးဦး​သေပြီး ​သေနတ် ​လေးလက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိ​ကြောင်း ဂဠုန်တပ်တော်က ယ​နေ့ညတွင် ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များက ပူး​ပေါင်း၍ ယမန်နေ့(ဧပြီ ၈ ရက်) ညတွင် စခန်းသိမ်းတိုက်ပွဲတိုက်ခိုက်မီးရှို့ဖျက်ဆီးခဲ့သော ဘုတလင်မြို့နယ် ၊ကူတော် ရဲစခန်းမှစစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့်ဂဠုန်တပ်တော် တပ်ရင်း ၁ ၏ တပ်စုတစ်စုမှာ ယနေ့ မွန်းလွှဲ ၁ နာရီ ၁၅ မနစ်ခန့်၌ မိနစ် ၃၀ ကြာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။တိုက်ပွဲတွင်စစ်​ကောင်စီတပ်မှအ​လောင်း ( ၃ ) လောင်းနှင့် လက်နက်အချို့ကို သိမ်းဆည်းရမိခဲ့​ကြောင်း​ဖော်ပြထားသည်။

(သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ)

သိမ်းစည်းရရှိသော လက်နက်မျိုးစားများမှာ G3 မောင်းပြန် ရိုင်ဖယ် ၄ လက် ၊ 7•62 ကျည် အမျိုးအစား ၅၄ တောင့် ၊ ကျည်ကာ အက်ျီတစ်ထည် ၊ လက်ပစ် ဗုံးတစ်လုံး၊ လွယ်အိတ် 1လုံးနှင့် ကျည်ဖောက် 6 ခု တို့ဖြစ်သည်။

“ဂဠုန်တပ်တော်မှ တပ်ရင်း တပ်စုများသည်စစ်ရေးလှုပ်မှုများ နေ့စဥ်ဖြစ်ပွားလျှက် ရှိသော်လည်း ခဲယမ်းလက်နက် လုံလောက်မှု မရှိခြင်းကြောင့် ဤသို့သိမ်ဆည်းရရှိသော လက်နက်များအား တရားသောစစ်တွင် အကျိုးရှိစွာ ဆက်လက် အသုံးချနိုင် တော့မည်ဖြစ်ခြင်းကြောင့် ပြည်သူ
နှင့်အတူ လွန်စွာဝမ်းမြောက်မိပါသည်”ဟုထုတ်ပြန်ထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ကူ​တော်ရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်​ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲများ ​သေဆုံးထိခိုက်မှုများခဲ့ပြီး ရဲစခန်းပျက်စီးခဲ့ကာ စစ်ကူရဟတ်ယာဥ်နှင့်တိုက်​လေယာဥ်ကိုပါအသုံးပြုခဲ့သည်။ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ ပူး​ပေါင်းမဟာမိတ်များဘက်မှလည်းထိ့ခိုက်ကျဆုံးမှုအနည်းငယ်ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook