စစ်ကိုင်းတိုင်း ၊ဘုတလင်မြို့နယ် ကူတော်ရဲစခန်း မှစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဂဠုန်တပ်တော်တပ်ရင်း ၁ ၏ တပ်စုတစ်စုယနေ့ (ဧပြီ ၉ ရက်) နေ့လယ်၌ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား သုံးဦးသေပြီး သေနတ် လေးလက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း ဂဠုန်တပ်တော်က ယနေ့ညတွင် ထုတ်ပြန်သည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပူးပေါင်း၍ ယမန်နေ့(ဧပြီ ၈ ရက်) ညတွင် စခန်းသိမ်းတိုက်ပွဲတိုက်ခိုက်မီးရှို့ဖျက်ဆီးခဲ့သော ဘုတလင်မြို့နယ် ၊ကူတော် ရဲစခန်းမှစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့်ဂဠုန်တပ်တော် တပ်ရင်း ၁ ၏ တပ်စုတစ်စုမှာ ယနေ့ မွန်းလွှဲ ၁ နာရီ ၁၅ မနစ်ခန့်၌ မိနစ် ၃၀ ကြာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။တိုက်ပွဲတွင်စစ်ကောင်စီတပ်မှအလောင်း ( ၃ ) လောင်းနှင့် လက်နက်အချို့ကို သိမ်းဆည်းရမိခဲ့ကြောင်းဖော်ပြထားသည်။

သိမ်းစည်းရရှိသော လက်နက်မျိုးစားများမှာ G3 မောင်းပြန် ရိုင်ဖယ် ၄ လက် ၊ 7•62 ကျည် အမျိုးအစား ၅၄ တောင့် ၊ ကျည်ကာ အက်ျီတစ်ထည် ၊ လက်ပစ် ဗုံးတစ်လုံး၊ လွယ်အိတ် 1လုံးနှင့် ကျည်ဖောက် 6 ခု တို့ဖြစ်သည်။
“ဂဠုန်တပ်တော်မှ တပ်ရင်း တပ်စုများသည်စစ်ရေးလှုပ်မှုများ နေ့စဥ်ဖြစ်ပွားလျှက် ရှိသော်လည်း ခဲယမ်းလက်နက် လုံလောက်မှု မရှိခြင်းကြောင့် ဤသို့သိမ်ဆည်းရရှိသော လက်နက်များအား တရားသောစစ်တွင် အကျိုးရှိစွာ ဆက်လက် အသုံးချနိုင် တော့မည်ဖြစ်ခြင်းကြောင့် ပြည်သူ
နှင့်အတူ လွန်စွာဝမ်းမြောက်မိပါသည်”ဟုထုတ်ပြန်ထားခြင်းဖြစ်သည်။

Public Service Announcement
ကူတော်ရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲများ သေဆုံးထိခိုက်မှုများခဲ့ပြီး ရဲစခန်းပျက်စီးခဲ့ကာ စစ်ကူရဟတ်ယာဥ်နှင့်တိုက်လေယာဥ်ကိုပါအသုံးပြုခဲ့သည်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းမဟာမိတ်များဘက်မှလည်းထိ့ခိုက်ကျဆုံးမှုအနည်းငယ်ရှိခဲ့သည်။


















































