Connect with us

Hi, what are you looking for?

News

စစ်ကိုင်းနှင့် မန္တလေးတိုင်း မြို့နယ်အချို့ မိုးနှင့်လေပြင်း ရုတ်တရက်ကျ

စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းမြို့နယ်အချို့၌ ယနေ့ (ဧပြီ ၁၁ရက်)ညနေက မိုးသက်လေပြင်း ကျခဲ့ပြီး မြို့နယ်အချို့တွင် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

မုံရွာ – အမြင့်လမ်းပိုင်း မိုးရေတိုက်စားမှုကြောင့် မိုင်းကွဲမှုများဖြစ်နေ၍ သွားလာမှုမလုပ်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့အရေးပေါ်ထုတ်ပြန်

စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းမြို့နယ်အချို့၌ ယနေ့ (ဧပြီ ၁၁ရက်)ညနေက မိုးသက်လေပြင်း ကျခဲ့ပြီး မြို့နယ်အချို့တွင် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အများအပြား လေပြင်းဘေးကြုံခဲ့ရပြီး ခင်ဦးမြို့နယ်တွင် သစ်ပင်များကျိုးကျ၍ ဓာတ်ကြိုး ပျက်ကျမှုများရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

မိုးရွာပြီးနောက် မုံရွာ-အမြင့်လမ်းပိုင်း၌ ထောင်ထားသည့် မိုင်းများ ထပေါက်ကွဲမှုကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ ဖြတ်သန်း သွားလာခြင်းမပြုလုပ်ကြရန်နှင့် အရေးပေါ်ကိစ္စရှိမှသာ အသုံးပြုကြရန် ချောင်းဦးမြိုနယ်တော်လှန်ရေးတပ်(Chaung U Revolution Army)အပါအဝင် စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မန္တလေးတိုင်း မိုးကုတ်မြို့တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် တောင်ကျ ရေဘေးနှင့် မြေပြိုမည့်ဘေးသတိထားကြရန် လူမှုအဖွဲ့အစည်းများက သတိပေးထားသည်။

ဧပြီလဆန်းကာလသည် မိုးကြိုကာလဖြစ်ပြီး လေထုမတည်မငြိမ်ကြောင့် မိုးကြိုးပစ်မှုများ၊ လေပြင်းတိုက်ခတ်မှုများ ဖြစ်လေ့ရှိသည်။

အခြားသတင်းတစ်ရပ်အနေဖြင့် ခင်ဦးမြို့နယ်တွင် မိုးနှင့်လေပြင်းတိုက်ခတ် နေချိန် ချောင်းတစ်ခုအတွင်း ရေကူးနေသည့် ကလေးငယ်နှစ်ဦးရေနစ်သေဆုံးခဲ့ သည်။ သဘာဝဘေးနှင့် ဆက်စပ်မှုရှိ၊မရှိကို မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ ပညာရေး Volunteer ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မိတ္ထီလာနည်းပညာတက္ကသိုလ်ကျောင်းသားဟောင်း ကိုထက်ကျော် ကွယ်လွန်သွားကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

Facebook