Connect with us

Hi, what are you looking for?

News

သင်္ကြန်ကာလအတွင်း စစ်‌ဆင်ရေးအရှိန်မြှင့်မည်ဖြစ်၍ ပိတ်ပင်ထားမည့် မုံရွာလမ်းပိုင်းများကို ချိုမိုင်မိုင် မဟာမိတ်တပ်​ပေါင်းစု အသိ​ပေး

“ကျွန်တော်တို့ စစ်ဆင်ရေးတွေလုပ်ဆောင်တဲ့အခါ ပြည်သူတွေကို မထိစေချင်ဘူး။အဲဒါကြောင့် ပြည်သူတွေဘက်က အပြည့်အဝ ပူးပေါင်းပေးပါ”ဟု အထက်ပါတပ်ပေါင်းစုတာဝန်ရှိသူက People’s Springသို့ ပြောသည်။

(စစ်ကိုင်းတိုင်း ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်းရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး အမျိုးသမီးများ ဦးဆောင်သည့် သပိတ်စစ်ကြောင်းသည် ဧပြီ ၁၁ ရက်က စစ်ကောင်စီ၏ သင်္ကြန်ပျော်ပွဲ၊ရွင်ပွဲများ၌ မပါဝင်ဘဲ တော်လှန်သင်္ကြန် ပြုလုပ်ကြရန် ဆန္ဒပြခဲ့ကြသည်။)

သင်္ကြန်ကာလအတွင်း စစ်‌ဆင်ရေးအရှိန်မြှင့်မည်ဖြစ်သောကြောင့် ပြည်သူများအ​နေဖြင့် မုံရွာမြို့လမ်းပိုင်းများနှင့်ပတ်သက်ပြီး ပြည်သူများ အသုံးမပြုရန် ပိတ်ထားမည့် လမ်းပိုင်းများကို ချိုမိုင်မိုင် “ယင်းမာပင် – ကနီ မဟာမိတ်တပ်ပေါင်းစုက အသိ​ပေးလိုက်သည်။

သင်္ကြန်ကာလတွင် မုံရွာ – ကလေး၀လမ်းပိုင်း၊ မုံရွာ – ပုသိမ်လမ်းပိုင်း နှင့် မုံရွာ – ယင်းမာပင် – ပုလဲ လမ်းပိုင်းကို ပြည်သူများ အသုံးမပြုရန်၊ အသုံးပြုခဲ့မည်ဆိုပါက ဖြစ်ပေါ်လာမည့် ကိစ္စရပ်များကိုတာဝန်ယူမည် မဟုတ်ကြောင်း သတိပေးသည်။

“ကျွန်တော်တို့ စစ်ဆင်ရေးတွေလုပ်ဆောင်တဲ့အခါ ပြည်သူတွေကို မထိစေချင်ဘူး။အဲဒါကြောင့် ပြည်သူတွေဘက်က အပြည့်အဝ ပူးပေါင်းပေးပါ”ဟု အထက်ပါတပ်ပေါင်းစုတာဝန်ရှိသူက People’s Springသို့ ပြောသည်။

ပြည်သူများအနေဖြင့် သင်္ကြန်မဏ္ဍပ်များသို့ သွားရောက်လည်ပတ် ပျော်ပါးခြင်း၊ လူစည်ကားရာနေရာများသို့ သွားရောက် ရေကစားခြင်းကို အထူးရှောင်ရှားလည်း ထပ်ဆင့် သတိပေးသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီက သင်္ကြန်ပွဲတော်ကို စည်းကားစွာကျင်းပနိုင်ရန် မြို့နယ်အလိုက် မဏ္ဍပ်များဆောက် လုပ်နိုင်ရေး ဖိအားပေးလျှက်ရှိသည်။

ထို့ကြောင့် စစ်အုပ်စု၏ အတုအယောင်ဝါဒဖြန့် သင်္ကြန်ပွဲတော်ပါဝင်ဆင်နွှဲခြင်းမလုပ်ရန်နှင့် တိုက်ခိုက်မှုများပြုလုပ်သွားမည်ဟု တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မိုးကောင်းပြီး သစ်ပင်လဲပိလို့ ကား ၂စီး ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။