Connect with us

Hi, what are you looking for?

News

တာမွေမြို့နယ်တွင် စစ်ကောင်စီတပ်က လူငယ်သုံးဦးကို ပစ်ခတ်ဖမ်းဆီး၊ တစ်ဦးသေဆုံး

“မြို့နယ် EPC ရုံးကို ဝင်ပစ်တယ်လို့ကြားတယ်။ ပြီးတော့ အပြန်အလှန်ပစ်ခတ်မှုလည်း ဖြစ်သွားခဲ့တယ်”ဟု တာမွေမြို့ခံတစ်ဦးက ပြောသည်။

တာမွေမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လူငယ်သုံးဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း မြို့ခံပြည်သူများက ပြောသည်။

ယနေ့(ဧပြီ ၁၃)သကြ်န်အကြိုနေ့နံနက် ၉ နာရီကျော်က တာမွေမြို့နယ် ဖိုးစိန်လမ်းတွင် ပစ်ခတ်ဖမ်းဆီးရာ လူငယ်တစ်ဦးသေဆုံးကာ နှစ်ဦးဖမ်းဆီးခံခဲ့ရကြောင်း မြို့ခံများက ပြောသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်ဖမ်းဆီးခြင်းခံရသောလူငယ်များမှာ ကိုဟိန်းထက်နိုင်၊ ကိုကြည် သာနှင့် ကိုတင်ထွန်းအောင် စသူတို့ဖြစ်ပြီး ကိုဟိန်းထက်နိုင်မှာ ကျည်ထိမှန်သေဆုံးသွားခဲ့ကြောင်း သိရသည်။

“မြို့နယ် EPC ရုံးကို ဝင်ပစ်တယ်လို့ကြားတယ်။ ပြီးတော့ အပြန်အလှန်ပစ်ခတ်မှုလည်း ဖြစ်သွားခဲ့တယ်”ဟု တာမွေမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်ပြီး ဒေသတင်း ရင်းမြစ်အချို့၏ ဖော်ပြချက်အရ အထက်ပါလူငယ်သုံးဦးမှာ ကျောပိုးအိတ်ကိုယ်စီ လွယ်ပိုးထားပြီး ပါဆယ်ပစ္စည်းပို့သည့်လူငယ်များဖြစ် ကြောင်း သတင်းဖော်ပြမှုများလည်း ရှိနေ သည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။