Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီသင်္ကြန် တိတ်ဆိတ်ခြောက်ကပ်နေမှုများကို နိုင်ငံတကာသတင်းဌာနများဖော်ပြ

စစ်ကောင်စီ၏ အယောင်ပြပျော်စရာသင်္ကြန်အား တွန်းလှန်ရန် အာဏာသိမ်းမှုကိုဆန့်ကျင်သော မြန်မာဆန္ဒပြသူများက ပါဝင်ပျော်ရွှင်ခြင်းမရှိကြောင်း ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းဌာနက ဖော်ပြသည်။

အာဏာသိမ်းစစ်​ကောင်စီကကျင်းပ​နေ​သောသင်္ကြန်တွင် ပြည်သူအများစုကတိတ်ဆိတ်ငြိမ်သက်ခြင်းဖြင့် စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြနေကြောင်း နိုင်ငံတကာသတင်းဌာနအချို့က ရေးသားဖော်ပြသည်။

နှစ်သစ်ကူးမဟာသင်္ကြန်သည် ပုံမှန်အားဖြင့်မြန်မာနိုင်ငံတွင် ပျော်ရွှင်ဆူညံသောပွဲတော်အဖြစ် လူသိများသော် လည်း စစ်တပ်နှင့် အာဏာသိမ်းမှုကိုဆန့်ကျင်သူများအကြား ပြင်းထန်သောတိုက်ပွဲများကြောင့် တိတ်ဆိတ်ခြောက်ကပ်မှု၊ သပိတ်မှောက်မှုများဖြင့်စတင်ခဲ့ကြောင်း Bangkok Post က ဖော်ပြသည်။

သင်္ကြန်အကြိုနေ့တွင် ရန်ကုန်မြို့လယ် သွားလာမှုများမှာ တိတ်ဆိတ်နေပြီး ပွဲတော်ကိုကပျက်ကယက်ပြုမည့်လက္ခဏာလည်းမရှိကြောင်း AFP သတင်းထောက်များက ပြောသည်။

ကလေးငယ်များနှင့် စစ်သားတစ်ဦးပါဝင်သော အစုအဖွဲ့ငယ်လေးသာ လုံခြုံရေးသဲအိတ်များ အကြားအကာအရံများဖြင့် ရေကစားပတ်ဖျန်းနေပြီး ဒေသခံများက လမ်းတဖက်ခြမ်းမှနေ၍ ကြည့်ရှုနေကြသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်ဆူးလေလမ်းမတစ်လျှောက်တွင် လုံခြုံရေးအပြည့်နေရာယူထားပြီး စစ်ကောင်စီ ကမကထပြုအစီအစဉ်အစိတ်အပိုင်းအဖြစ် ရိုးရာသီချင်းများနှင့် ကပြဖျော်ဖြေရာစင်မြင့်ရှေ့တွင် သံဆူးကြိုးအတားအဆီးများချထားသည်။

စစ်​ကောင်စီ၏ဝါဒဖြန့်ရုပ်သံကလည်း ဒုတိယအကြီးဆုံးမြို့ မန္တလေးတွင် ရိုးရာသင်္ကြန်သီချင်များဖျော်ဖြေ နေသည့် အဆိုတော်များ၊ ဂီတပညာရှင်များကို ပြသနေသည်။

သို့သော် စစ်တပ်က သဘောကွဲလွဲသူများအပေါ် ဆက်လက်ဖြိုခွင်းနေမှုများကြောင့် သင်္ကြန်၏ အငွေ့အသက်သည် ထိုင်းမှိုင်းနေခဲ့သည်။

“ဒီနှစ်သင်္ကြန်ကို ပါဝင်ဆင်နွှဲဖို့ ကျွန်မတို့အစီအစဉ်မရှိဘူး။ ကျွန်မအပြင်လည်းထွက်မှာမဟုတ်ဘူး။ အခြားသူတွေဆင်နွှဲမလားဆိုတာကို ကျွန်မ စိတ်မဝင်စားဘူး။ တစ်ခုခုဖြစ်မှာကိုပဲ စိုးရိမ်တယ်” ဟု ဇင်ဇင်(အမည်လွှဲ)က ပြောသည်။

တချိန်တည်းတွင် တော်လှန်ရေးအင်အားစုများက ယခုနှစ်သင်္ကြန်ကို သပိတ်မှောက်ရန်နှင့် အကြမ်းဖက်စစ်ကောင်စီကျင်းပမည့် သင်္ကြန်ကို ပြည်သူလူထုပါဝင်ဆင်နွှဲခြင်းမပြုရန် တိုက်တွန်း နှိုးဆော်ထားသည်။

စစ်ကောင်စီ၏ အယောင်ပြပျော်စရာသင်္ကြန်အား တွန်းလှန်ရန် အာဏာသိမ်းမှုကိုဆန့်ကျင်သော မြန်မာဆန္ဒပြသူများက ပါဝင်ပျော်ရွှင်ခြင်းမရှိကြောင်း ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းဌာနက ဖော်ပြသည်။

မဟာသင်္ကြန်သည် မြန်မာ၏အထင်ရှားဆုံးယဉ်ကျေးမှုဆိုင်ရာပွဲတော်ဖြစ်သော်လည်း ပါဝင်ဆင်နွှဲပါက တိုင်းပြည်သည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီဟု စစ်ကောင်စီ၏ အသုံး ချခံဖြစ်မည်ကို ဆန္ဒပြသူများက စိုးရိမ်နေခြင်းဖြစ်သည်။

လက်တွေ့တွင်လည်း နိုင်ငံတဝန်း၌ တရားမဝင်အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုများမှာ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲများတွင် သေဆုံးမှုများမြင့်တက်နေသလို ဒုက္ခသည်အရေအတွက် သည်လည်း ၉၀၀၀၀၀ ခန့် အထိ ရောက်ရှိလာသည်။

ဝါရှင်တန်အခြေစိုက် The Diplomat သတင်းဌာနကလည်း မြန်မာ့ပဋိပက္ခများကြောင့် ရိုးရာနှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲများ တိတ်ဆိတ်ခြောက်ကပ်နေကြောင်း ရေးသားဖော်ပြသည်။

ဧပြီ ၁၃ တွင် စတင်သော မဟာသင်္ကြန်ပွဲတော်သည် ထူးခြားစွာ တိတ်ဆိတ်နေပြီး စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား ပြင်းထန်သောအာဏာလွန်ဆွဲမှုက ရေပတ်ခြင်းအပါအဝင် ပုံမှန်ပျော်ရွှင်ဖွယ်ဓလေ့များအပေါ် ဖုံးလွှမ်းသွားကြောင်း The Diplomat ကရေးသားသည်။

စင်ကာပူအခြေစိုက် Channel News Asia သတင်းဌာနက မြန်မာနှစ်သစ်ကူးပွဲတော်သည် ဆန္ဒပြမှုများ၊ သပိတ်မှောက်မှုများကြောင့် ခြောက်သွေ့နေကြောင်း ရေးသားဖော်ပြသည်။

“ကျွန်တော်တို့တိုင်းပြည်က ပုံမှန်အခြေအနေပြန်မဖြစ်သေးဘူးဆိုတာကို ကမ္ဘာကြီးကို သိစေချင်တယ်” ဟု အသက် ၃၄ နှစ်အရွယ် ရန်ကုန်မြို့မှ တက်ကြွလှုပ်ရှားသူတစ်ဦးက CNA သို့ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။