Connect with us

Hi, what are you looking for?

News

နိုင်ငံပုံမှန်အတိုင်းဖြစ်နေပြီလို့ ပြသချင်တဲ့ စစ်ကောင်စီရဲ့သင်္ကြန်ကို လူထုချေဖျက်နိုင်ခဲ့

ရန်ကုန်တိုင်းအတွင်းက ဆင်ခြေဖုန်းမြို့မှာနေထိုင်တဲ့ အမျိုးသမီး ပြည်သူတစ်ဦးကဆို ဒီနှစ်သင်္ကြန်မှာ “ကလေးတွေတောင်ရေမကစားဘူး” လို့ တွေ့မြင်ရတာကိုပြောပြပါတယ်။

နိုင်ငံအဝှမ်း ဆင်နွှဲနေတဲ့လူထုရဲ့တော်လှန်သင်္ကြန်သပိတ်ဟာ မြန်မာနိုင်ငံ ပုံမှန်အတိုင်းလည်ပတ်နေကြောင်း နိုင်ငံတကာကိုပြသချင်နေတဲ့ စစ်ကောင်စီရဲ့ ကြိုးပမ်းချက်ကို ကောင်းကောင်းချေဖျက်နိုင်ခဲ့တယ်လို့ ထုတ်ဖော်ချီးကျုးလာကြပါတယ်။

ကုလသမဂ္ဂရေးရာကျွမ်းကျင်သူတွေနဲ့ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေး ကောင်စီ(SAC -M) ကမြန်မာပြည်သူတွေကို ချီးကျုးလာတာပါ။

မဟာသင်္ကြန်ကာလအတွင်းစစ်အုပ်စုရဲ့ သင်္ကြန်မှာမပါဝင်တဲ့ မြန်မာပြည်သူတွေရဲ့ သပိတ်ဟာ ဒီမိုကရေစီအရေးအတွက် ကြံကြံခံနိုင်ရည်စွမ်းရှိတယ်ဆိုတာကို အင်အားကောင်းကောင်းနဲ့ပြသလိုက်တဲ့သတင်းစကားဖြစ်တယ်လို့လည်း SAC-M ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံ ပုံမှန်အခြေအနေ ပြန်ရောက်နေပြီလို့ နိုင်ငံတကာကို မီးမောင်းထိုးပြသနိုင်ဖို့ သင်္ကြန်ကာလမှာ ကြိုးပမ်းခဲ့ပေမယ့် ဒါကို လူထုဟာ ကြံကြံခံရင်ဆိုင်နိုင်ခဲ့တယ်လို့ SAC-M ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ ရိုးရာ သင်္ကြန်ပွဲကို စည်စည်ကားကားဖြစ်အောင် နည်းလမ်းပေါင်းစုံနဲ့စီစဉ်ထားပြီး ဝန်ထမ်းတွေကိုပါ ဖိအားပေး ပါဝင်ဆင်နွှဲခိုင်းထားတာပါ။

ဒါပေမယ့် လူထုဟာ သင်္ကြန်ကာလမှာ ပါဝင်ဆင်နွှဲခြင်းမပြုဘဲ လမ်းမတွေပေါ် လူသူကင်းမဲ့သွားအောင် သပိတ်မှောက်လိုက်ကြပါတယ်။

ဒါဟာ ဒီမိုကရေစီအရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ ကတိကဝတ်ကို မြန်မာပြည်သူတွေက ထပ်လောင်းပြသလိုက်တာလို့ SAC -M အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Chris Sidoti ကပြောပါတယ်။

“စစ်တပ်က တိုင်းပြည်အခြေအနေပုံမှန်အတိုင်းဖြစ်နေပြီလို့ ပြချင်တယ်၊ ပြည်သူတွေရဲ့သပိတ်ကတော့ ဒါ တကယ့်မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်းပြောပြနေတာပဲ” လို့ Chris Sidoti ကဆိုပါတယ်။

ဒါကြောင့် မြန်မာနှစ်သစ်ကူးမှာ နိုင်ငံတကာ အနေနဲ့အမျိုးသားညီညွှတ်ရေးအစိုးရ(NUG ) ကို မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေးနောက်ဆုံးခြေလှမ်း လှမ်းကြဖို့ SAC -M က ထပ်မံတိုက်တွန်းတာတွေ့ရပါတယ်။

NUG ဟာ နိုင်ငံတကာ စံနှုန်းတွေအရ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ ထိုက်တန်ပြီး နိုင်ငံတကာအနေနဲ့ NUG ကို နိုင်ငံရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့တွေ တိုးမြှင့်ပေးသင့်တယ်လို့ SAC-M က ဆိုထားပါတယ်။

စစ်ကောင်စီကို ဖြတ်သုံးဖြတ်နည်းနဲ့ ဆက်လက်အရေးယူပေးဖို့ လည်းSAC -M က နိုင်ငံတကာကိုတောင်းဆိုထားပါသေးတယ်။

အဲဒီနည်းလမ်းတွေကတော့ စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းထောက်ပံ့တာတွေဖြတ်တောက်ဖို့ ၊ စစ်အုပ်စုအကြီးအကဲတွေနဲ့ စစ်တပ်ဆက်နွယ်တဲ့စီးပွားရေး လုပ်ငန်းတွေကို ဒဏ်ခတ်အရေးယူဖို့ ၊စစ်အုပ်စုကျုးလွန်မှုတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကိုလွှဲပြောင်းပေးဖို့တွေဖြစ်ပါတယ်။
စစ်အုပ်စုဟာ ဒီနှစ်သင်္ကြန်ကို စည်စည်ကားကားကျင်းပနိုင်အောင် ကြိုတင်စီစဉ်ထားခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ အဓိက မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊မန္တလေး ၊ နေပြည်တော်တွေမှာ သင်္ကြန်မကျခင် မတ်လကတည်းက မဏ္ဍပ်တွေကို ဆောက်လုပ်ခဲ့ပါတယ်။

အရပ်သားအစိုးရ NLD လက်ထက်က ကျင်းပခဲ့တဲ့ လမ်းလျှောက်သင်္ကြန်ကို လည်း ဒီနှစ်သင်္ကြန်မှာ စစ်ကောင်စီက ထည့်သွင်းကျင်းပခဲ့ပါသေးတယ်။

ဒါပေမယ့် သင်္ကြန်မကျခင်ကတည်းက တော်လှန်ရေးအင်အားစုတွေက ဒီသင်္ကြန်ဟာ လူထုကိုအခြေမခံတဲ့သင်္ကြန်ဖြစ်ပြီး တော်လှန်ရေးအင်အားပျော့သွားအောင် ၊ နိုင်ငံတကာကို မြန်မာ နိုင်ငံပုံမှန်အတိုင်း ဖြစ်သယောင် ပြသဖို့ ကျင်းပတဲ့ အတုအယောင် သင်္ကြန်သာဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားခဲ့ပါတယ်။

ဒါကြောင့် တော်လှန်သင်္ကြန်အဖြစ်သာ ဆင်နွှဲကြဖို့ တိုက်တွန်းထားကြပါတယ်။
လူထုကလည်း မနှစ်က သင်္ကြန်လိုပဲ ဒီနှစ်သင်္ကြန်ကို တော်လှန်သင်္ကြန်အဖြစ် ဆက်ဆင်နွှဲကြပါတယ်။

ဒါကြောင့် သင်္ကြန်အကြတ်နေ့ရောက်လာချိန်မှာတောင် စစ်အုပ်စုရုံးစိုက်တဲ့ နေပြည်တော် ကမဏ္ဍပ်တွေမှာ လူမရှိတာကိုတွေ့မြင်ရမှာဖြစ်သလို အခြားဒေသအများစုမှာတော့ရေကစားသူမရှိသလောက်ဖြစ်နေပါတယ်။

ရန်ကုန်တိုင်းအတွင်းက ဆင်ခြေဖုန်းမြို့မှာနေထိုင်တဲ့ အမျိုးသမီး ပြည်သူတစ်ဦးကဆို ဒီနှစ်သင်္ကြန်မှာ “ကလေးတွေတောင်ရေမကစားဘူး” လို့ တွေ့မြင်ရတာကိုပြောပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။