Connect with us

Hi, what are you looking for?

News

ဆေးမင်းတောရွာရဲစခန်းကို အလစ်ငိုက်ဝင်တိုက်ရာ ရဲနှစ်ဦးသေဆုံးပြီးသုံးဦး ဒဏ်ရာရရှိဟု YDF(ထီးလင်း) ပြော

ဧပြီ ၁၃ ရက်ကလည်း ထီးလင်းမြို့ပေါ်ရှိ မြို့ နယ် ကော်မရှင်ရုံး၌ သောက်စား ပျော်ပါးနေသော စစ်ကောင်စီတပ်ဖွဲ့ကို ဝင်တိုက်ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးနေလင်းအောင် အပါအဝင် ခြောက်ဦး သေဆုံးကြောင်း YDF က ထုတ်ပြန်ထားသည်။

YDF(ထီးလင်း) ရဲဘော်များကို တွေ့ရစဥ်

မကွေးတိုင်း၊ ထီးလင်းမြို့နယ် ဆေးမင်းတောကျေးရွာ ရဲစခန်းကို အလစ်ငိုက် ဝင်တိုက်ရာ စစ်ကောင်စီလက်ပါးစေ ရဲနှစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိ ကြောင်း YDF(ထီးလင်း)က ထုတ်ပြန် သည်။

ထိုတိုက်ခိုက်မှုကို ယနေ့(ဧပြီ ၁၆ရက်)နံနက် ၆နာရီခန့်တွင် YDF(ထီးလင်း)၏ ကွန်မန်ဒိုပြောက် ကျားတပ်ဖွဲ့က ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

“ရှစ်ယောက်တည်းနဲ့ လျှပ်တပြတ်ဝင်တိုက်တာပါ။အဲဒီရဲစခန်းမှာက စစ်ခွေး အင်အား ၃၀ ကျော်လောက်ရှိပါတယ်”ဟု YDF(ထီးလင်း) တပ်ဖွဲ့ဝင်တစ်ဦးက People’s Springသို့ ပြောသည်။

အဆိုပါ ဆေးမင်းတောကျေးရွာရဲစခန်းမှရဲများသည် စခန်းရှေ့လမ်းမကြီးပေါ်မှ ဖြတ်သန်း သွားလာသောပြည်သူများအား ဆဲဆိုပစ်ခတ်ခြောက်လှန့်ကာ ရမ်းကားမှုများ ပြုလုပ်ခဲ့သူများ ဖြစ်ကြောင်း YDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

ယနေ့ တိုက်ခိုက်မှုဖြစ်စဥ်တွင် YDF ဘက်မှအထိအခိုက် အကျအဆုံးမရှိပဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဧပြီ ၁၃ ရက်ကလည်း ထီးလင်းမြို့ပေါ်ရှိ မြို့ နယ် ကော်မရှင်ရုံး၌ သောက်စား ပျော်ပါးနေသော စစ်ကောင်စီတပ်ဖွဲ့ကို ဝင်တိုက်ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးနေလင်းအောင် အပါအဝင် ခြောက်ဦး သေဆုံးကြောင်း YDF က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။