Connect with us

Hi, what are you looking for?

LuduNwayOo

News

ဆေးမင်းတောရွာရဲစခန်းကို အလစ်ငိုက်ဝင်တိုက်ရာ ရဲနှစ်ဦးသေဆုံးပြီးသုံးဦး ဒဏ်ရာရရှိဟု YDF(ထီးလင်း) ပြော

ဧပြီ ၁၃ ရက်ကလည်း ထီးလင်းမြို့ပေါ်ရှိ မြို့ နယ် ကော်မရှင်ရုံး၌ သောက်စား ပျော်ပါးနေသော စစ်ကောင်စီတပ်ဖွဲ့ကို ဝင်တိုက်ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးနေလင်းအောင် အပါအဝင် ခြောက်ဦး သေဆုံးကြောင်း YDF က ထုတ်ပြန်ထားသည်။

YDF(ထီးလင်း) ရဲဘော်များကို တွေ့ရစဥ်

မကွေးတိုင်း၊ ထီးလင်းမြို့နယ် ဆေးမင်းတောကျေးရွာ ရဲစခန်းကို အလစ်ငိုက် ဝင်တိုက်ရာ စစ်ကောင်စီလက်ပါးစေ ရဲနှစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိ ကြောင်း YDF(ထီးလင်း)က ထုတ်ပြန် သည်။

ထိုတိုက်ခိုက်မှုကို ယနေ့(ဧပြီ ၁၆ရက်)နံနက် ၆နာရီခန့်တွင် YDF(ထီးလင်း)၏ ကွန်မန်ဒိုပြောက် ကျားတပ်ဖွဲ့က ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

“ရှစ်ယောက်တည်းနဲ့ လျှပ်တပြတ်ဝင်တိုက်တာပါ။အဲဒီရဲစခန်းမှာက စစ်ခွေး အင်အား ၃၀ ကျော်လောက်ရှိပါတယ်”ဟု YDF(ထီးလင်း) တပ်ဖွဲ့ဝင်တစ်ဦးက People’s Springသို့ ပြောသည်။

အဆိုပါ ဆေးမင်းတောကျေးရွာရဲစခန်းမှရဲများသည် စခန်းရှေ့လမ်းမကြီးပေါ်မှ ဖြတ်သန်း သွားလာသောပြည်သူများအား ဆဲဆိုပစ်ခတ်ခြောက်လှန့်ကာ ရမ်းကားမှုများ ပြုလုပ်ခဲ့သူများ ဖြစ်ကြောင်း YDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

ယနေ့ တိုက်ခိုက်မှုဖြစ်စဥ်တွင် YDF ဘက်မှအထိအခိုက် အကျအဆုံးမရှိပဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဧပြီ ၁၃ ရက်ကလည်း ထီးလင်းမြို့ပေါ်ရှိ မြို့ နယ် ကော်မရှင်ရုံး၌ သောက်စား ပျော်ပါးနေသော စစ်ကောင်စီတပ်ဖွဲ့ကို ဝင်တိုက်ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးနေလင်းအောင် အပါအဝင် ခြောက်ဦး သေဆုံးကြောင်း YDF က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။