Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တတိယ ကမ္ဘာစစ် စနေပြီလို့ ရုရှား အစိုးရ ဝါဒဖြန့် မီဒီယာက ချဲ့ကားဖော်ပြ

ကရင်မလင် နန်းတော်ရဲ့ အဓိက ဝါဒဖြန့် ယန္တရား တစ်ခုဖြစ်တဲ့ Russia 1က ယူကရိန်း-ရုရှား စစ်ပွဲကို ဗဟိုပြုပြီး တတိယ ကမ္ဘာစစ်က အစပြုနေပြီလို့ ဖော်ပြသွားတာ ဖြစ်ပါတယ်။ ဒါဟာ သတင်းဌာနရဲ့ အာဘော်သက်သက်သာ ဖြစ်ပေမယ့် နားလည်မှု လွဲပြီး လူမှုကွန်ရက်မှာ ဒီအကြောင်းကို ဘာသာပြန် ဖော်ပြမှုတချို့ ပျံ့နှံ့လာတာ တွေ့ရပါတယ်။

ရေတပ်ရဲ့ အားအထားရဆုံး စစ်သင်္ဘောတစ်စီး နစ်မြုပ်သွားတဲ့နောက် ရုရှား အစိုးရ ဝါဒဖြန့် သတင်းဌာန တစ်ခုက တတိယ ကမ္ဘာစစ် စတင်နေပြီလို့ ချဲ့ကား ဖော်ပြသွားခဲ့ပါတယ်။

ကရင်မလင် နန်းတော်ရဲ့ အဓိက ဝါဒဖြန့် ယန္တရား တစ်ခုဖြစ်တဲ့ Russia 1က ယူကရိန်း-ရုရှား စစ်ပွဲကို ဗဟိုပြုပြီး တတိယ ကမ္ဘာစစ်က အစပြုနေပြီလို့ ဖော်ပြသွားတာ ဖြစ်ပါတယ်။ ဒါဟာ သတင်းဌာနရဲ့ အာဘော်သက်သက်သာ ဖြစ်ပေမယ့် နားလည်မှု လွဲပြီး လူမှုကွန်ရက်မှာ ဒီအကြောင်းကို ဘာသာပြန် ဖော်ပြမှုတချို့ ပျံ့နှံ့လာတာ တွေ့ရပါတယ်။

ရုရှားရဲ့ ပင်လယ်နက် ရေတပ်ဖွဲ့မှာ အကြီးဆုံးနဲ့ အားအထားရဆုံး ခရုစ်ဒုံးကျည်တင် စစ်သင်္ဘောကြီး Moskvaဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ပင်လယ်ပြင်မှာ နစ်မြုပ်သွားခဲ့ပါတယ်။ ရုရှားက ဒီသင်္ဘော နစ်မြုပ်မှုဟာ မတော်တဆ မီးလောင်မှု တစ်ခုကြောင့်လို့ ပြောပေမယ့် ယူကရိန်းနဲ့ အမေရိကန်တို့ကတော့ ယူကရိန်း ပစ်ခတ်လိုက်တဲ့ ဒုံးကျည် ထိမှန်သွားတာလို့ အခိုင်အမာ ဆိုပါတယ်။

ဒါပေမဲ့ အခုအခါမှာတော့ Russia 1ရဲ့ အာဘော်အရ Moskvaဟာ ရန်သူ ပစ်ခတ် နှစ်မြှုပ်တာ ခံလိုက်ရတာလို့ ရုရှားဖက်က လက်ခံလိုက်တဲ့ သဘောမျိုး တွေ့ရပါတယ်။ သင်္ဘော နစ်မြုပ်မှုအတွက် ကြောက်ခမန်းလိလိ တုံ့ပြန်မှုမျိုး ကြုံရစေမယ်လို့ Russia 1က ခြိမ်းခြောက်နေပါတယ်။ ပူတင်ရဲ့ အဓိက ဝါဒဖြန့် အရာရှိ တစ်ဦးဖြစ်တဲ့ အိုလ်ဂါ စကာဘီယီဗာက လက်ရှိ မြင့်တက်လာနေတဲ့ တင်းမာမှုတွေကိုကြည့်ရင် တတိယ ကမ္ဘာစစ် ဖြစ်နေပြီလို့တောင် အသေအချာ ခိုင်ခိုင်မာမာ ပြောနိုင်ကြောင်း Russia 1ကို မှတ်ချက်ပေး ပြောဆိုသွားပါတယ်။

Public Service Announcement

Public Service Announcement

ဘာပဲဖြစ်ဖြစ် လက်ရှိ အချိန်ထိတော့ ရုရှား အစိုးရက သင်္ဘော နစ်မြုပ်တဲ့ အကြောင်းရင်းဟာ မီးလောင်မှုတစ်ခုကနေ ခဲယမ်းမီးကျောက်တွေ သိုလှောင်တဲ့ ဧရိယာဆီ မီးကူးစက်သွားတာကြောင့်သာ ဖြစ်တယ်လို့ ပြောဆိုနေဆဲပါ။ တကယ်လို့ ယူကရိန်းကသာ Moskvaကို နှစ်မြှုပ်နိုင်ခဲ့တာ မှန်ရင်တော့ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ရန်သူ့လက်ချက်နဲ့ ဆုံးရှုံးရတဲ့ အကြီးဆုံး စစ်သင်္ဘောအဖြစ် မှတ်တမ်း ဝင်လာပါလိမ့်မယ်။

ယူကရိန်း စစ်ဘက် သတင်းရင်းမြစ်တွေကတော့ Moskvaရဲ့ ဒုံးကျည် ကာကွယ်ရေး စနစ်တွေ အရမ်းကောင်းမွန်ပေမယ့် ဒရုန်းတွေကိုပါ အသုံးပြုပြီး စနစ်ရဲ့ အာရုံခံ ထောက်လှမ်းနိုင်စွမ်းကို အနှောင့်အယှက် ပေးနိုင်ခဲ့တာကြောင့် Neptune ဒုံးကျည်တွေက ထိုးဖောက်နိုင်ခဲ့တာလို့ ပြောပါတယ်။ လက်နက် တပ်ဆင်မထားတဲ့ ဒရုန်းတွေကို သင်္ဘောတဝိုက်မှာ ပျံသန်းနှောင့်ယှက်စေပြီး ကုန်းမြေပေါ်ကနေ ဒုံးကျည်နဲ့ အလစ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ရုရှားက သင်္ဘောပေါ်က အမှုထမ်း ၅၀၀ ကျော်ကို အချိန်မီ ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ ပြောပေမယ့် အသေအပျောက်တွေ ရှိခဲ့ကြောင်း ထင်ကြေးတွေလည်း ပျံ့နှံ့နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။