Connect with us

Hi, what are you looking for?

News

သေဆုံးသွားသည့် ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ စောမိုးဝင်းသည် ဒုတိယဗိုလ်မှူးကြီး (ငြိမ်း)ဟု ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ ထုတ်ပြန်

ကြည်း – ၂၆၉၄၁ အသက်(၄၉)နှစ်အရွယ် ဒုမှူးကြီး စောမိုးဝင်း (ငြိမ်း)သည် ပစ်ခတ်ခံရသည့်နေ့၌ပင်သေဆုံးခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် ကမ္ဘာ့ရတနာဘဏ်မှ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် မန်နေဂျာ စောမိုးဝင်းသည် ဒုတိယဗိုလ်မှူးကြီး(ငြိမ်း)ဖြစ်ကြောင်း ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့က ယနေ့(ဧပြီ ၂၀ ရက်)တွင် အသိ​ပေးထုတ်ပြန်သည်။

ကြည်း – ၂၆၉၄၁ အသက်(၄၉)နှစ်အရွယ် ဒုမှူးကြီး စောမိုးဝင်း (ငြိမ်း)သည် ပစ်ခတ်ခံရသည့်နေ့၌ပင်သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဧပြီ ၁၈ ရက် နံနက် ၈နာရီခွဲခန့်က ဘဏ်ဖွင့်လှစ်ရန်ဘဏ်ရှေ့၌ ကားပေါ်မှအဆင်း နောက်မှလိုက်ပါလာသည့် ယာဥ်တစ်စီးပေါ်မှ ဘဏ်မန်နေဂျာ စောမိုးဝင်းမှာ ပစ်ခတ်ရှင်းလင်းခံခဲ့ရသည်။

“ဒုတိယ ဗိုလ်မှူးကြီးစောမိုးဝင်း ရာထူးအမှန်အခုမှပေါ်တယ်”ဟု ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့က ဆို သည်။

Public Service Announcement

Public Service Announcement

ကမ္ဘာ့ရတနာဘဏ်သည် အကြမ်းဖက်စစ်အုပ်စု၏ ရှယ်ယာများပါဝင်နေပြီးစစ်အုပ်စုကို အလုပ်အကျွေးပြုနေသော လုပ်ငန်းစုဖြစ်ကြောင်း လက်ရုံးတပ်ဖွဲ့က အသိပေးသည်။

ထို့အပြင် CDM ဆရာ၊ဆရာမများနှင့် ဘဏ်ဝန်ထမ်းများကို ချေးငွေဆပ်ရန် ဖိအားပေးခြင်းနှင့် တရားရုံးတင်စစ်ဆေးခြင်းများပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့ကြောင့် ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့ Yangon Liberation Force တို့ ပူးပေါင်းကာ ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ စောမိုးဝင်းကို ရှင်းလင်းခဲ့သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။