Connect with us

Hi, what are you looking for?

News

ချောင်းဝ​ရွာမှထွက်လာသော စစ်ကောင်စီခြေလျှင်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ သေဆုံးမှုများပြားဟု မြို့လှ(KPDF) ​ပြော

အင်အား ၄၀ပါ အကြမ်းဖက်စစ်ကောင်စီစစ် ကြောင်းကို RPG လက်နက်နှင့် 79MM များဖြင့် ပစ်ခတ်ခဲ့ရာ စစ်​ကောင်စီတပ်၏ စစ်ကြောင်းချီရာအနီးကျရောက်ပေါက်ကွဲခဲ့သည်ဟု အသိပေး သည်။

(မြို့လှ PDF ရဲ​ဘော်များအား ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ကသာမြို့နယ် ချောင်းဝ​ကျေးရွာမှထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ခြေလျှင်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများထိခိုက်သေဆုံးမှုများပြားနိုင်ကြောင်း မြို့လှ(KPDF)က ယနေ့(ဧပြီ ၂၃ ရက်) ထုတ်ပြန် သည်။

တိုက်ပွဲဖြစ်စဥ်မှာ ချောင်းဝရွာမှ မင်းကျောင်းကုန်း​ကျေးရွာဖက်သို့ ခြေလျှင်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်အား ယမန်နေ့ (ဧပြီ ၂၂)ည ၇ နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အင်အား ၄၀ပါ အကြမ်းဖက်စစ်ကောင်စီစစ် ကြောင်းကို RPG လက်နက်နှင့် 79MM များဖြင့် ပစ်ခတ်ခဲ့ရာ စစ်​ကောင်စီတပ်၏ စစ်ကြောင်းချီရာအနီးကျရောက်ပေါက်ကွဲခဲ့သည်ဟု အသိပေး သည်။

အပြန်အလှန် ပစ်ခတ်မှုများဖြင့် ၁၅မိနစ်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြို့လှ KPDF က ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီစစ်ကြောင်းမှ သေဆုံးမှုများနှင့် အများအပြားထိခိုက်မှုရှိပြီး မြို့လှ KPDF တပ်မှ အထိအခိုက်မရှိအသာစီးဖြင့် ဗျူဟာကျ ကစားကွက်ရွှေ့နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် ရေယာဥ်များဖြင့် အကြမ်းဖက်စစ် ကောင်စီတပ်များ ပြောင်းရွှေ့ ခြင်းနှင့် ရိက္ခာ ပို့ဆောင်ခြင်းများကို ပြည်သူ့ကာ ကွယ်ရေးတပ်များက မကြာခဏ ကြားဖြတ်တိုက်ခိုက်နိုင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့‌နယ်ထဲက ဧရာ၀တီမြစ်ကြောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်သင်္ဘောကို နှစ်မြှုပ်ဖျက်ဆီးလိုက်ပြီလို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

သတင်း

သင်္ဘောစောင့်စစ်သားတွေ ထွက်ပြေး၊ ၁၀၇ မမ လက်နက်ကြီးကြောင့် သင်္ဘောရေဝင်နေ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook