Connect with us

Hi, what are you looking for?

News

ကျောက်ဆည်မြို့နယ် မြင်းကဘက်ရွာတွင် မီတာခမပေး​ဆောင်လျှင် စစ်တပ်ခေါ်ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်သည့် စစ်သား​ဟောင်း ရှင်းလင်းခံရ

ယမန်နေ့ (ဧပြီ ၂၃ရက်) ညနေ ၅နာရီခန့်က ကျောက်ဆည်မြို့နယ် တံစိုးရွာအရှေ့ဘက် မြစ်သားဘက်လာသော ခရိုင်ပတ်လမ်းအနီးတွင် ဦးအောင်ဝင်းဆိုသူအား လူတစ်စုမှ ​သေနတ်ဖြင့် ပစ်ခတ်သွား၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် မြင်းကဘက်ကျေးရွာတွင် လျှပ်စစ်မီတာခမပေး​ဆောင်လျှင် စစ်တပ်ခေါ်ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်နေသော စစ်သား​ဟောင်း အမျိုးသားတစ်ဦးအား ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က သုတ်သင်ရှင်းလင်းလိုက်ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဧပြီ ၂၃ရက်) ညနေ ၅နာရီခန့်က ကျောက်ဆည်မြို့နယ် တံစိုးရွာအရှေ့ဘက် မြစ်သားဘက်လာသော ခရိုင်ပတ်လမ်းအနီးတွင် ဦးအောင်ဝင်းဆိုသူအား လူတစ်စုမှ ​သေနတ်ဖြင့် ပစ်ခတ်သွား၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်းအဖွဲ့တစ်ခုဖြစ်သည့် သေမင်းတမန် ဒလန်ရှင်းလင်းရေး အထူး​ပြောက်ကျားတပ်ဖွဲ့က ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ အဆိုပါကြေညာချက်တွင် ကျောက်ဆည်မြို့နယ် ၊ မြင်းကဘက်ကျေးရွာအုပ်စု၊ မြင်းကဘက်ကျေးရွာ တွင် နေထိုင်သောသေဆုံးသူ စစ်ပြန် ဦးအောင်ဝင်းသည် ပြည်သူများ ကြပ်တည်းနေချိန်တွင် စစ်ကောင်စီလက်အောက်ခံများနှင့် ပူးပေါင်းကာ လျှပ်စစ်မီတာခများ မတန်တဆ အတင်းအဓမ္မ ကောက်ခံခြင်း၊ ခြိမ်းခြောက်ခြင်း၊ အရပ်သားပြည်သူအား ရည်ရွယ်ချက်ရှိရှိဖြင့် စစ်ကောင်စီထံသို့ မဟုတ်မမှန်သတင်းပေးတိုင်တန်းခြင်း၊ စစ်ဆေးရေးဂိတ်နှင့် စစ်သားများထံသို့ သတင်းပေးအဖြစ် ကူညီဆောင်ရွက်ပေးခြင်း အစရှိသည့် စစ်ကောင်စီ သက်ဆိုးရှည်ရေးအတွက် ကြိုးပမ်းကူညီကာ ပြည်သူများအား အတိဒုက္ခဖြစ်စေမှုများကြောင့် ကျွန်ုပ်တို့ သေမင်းတမန် ဒလန်ရှင်းလင်းရေး အထူးပျောက်ကြားတပ်ဖွဲ့မှ ဧပြီ၂၃ရက်နေ့ ညနေ ၅နာရီဝန်းကျင်ခန့် တွင် တံစိုးအရှေ့ဘက်၊ မြစ်သား ခရိုင်ပတ်လမ်းအနီးတွင် ဦးခေါင်းအား ကျည်တစ်တောင့် အသုံးပြု၍ ပစ်ခတ်ခဲ့ကာ ဇီဝိန်ချုပ်ပေးခဲ့ကြောင်း သေမင်းတမန် ဒလန်ရှင်းလင်းရေး အထူး​ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

ပစ်ခတ်ခံရသူ ဦးအောင်ဝင်းသည် သတင်းပေးပြုလုပ်ကာ မီတာခများကို မိုက်နှင့်အော်ပြီး ကိုယ်တိုင်ကိုယ်ကျ ကောက်ယူမှုများလည်းပြုလုပ်ခဲ့သူ​ဖြစ်ကြောင်း၊ ဦးအောင်ဝင်းသည် ၂၀၂၁ သြဂုတ်က မြင်းကဘက် ကျေးရွာနေ အမျိုးသားတစ်ဦးကိုလည်း စစ်တပ်ထံလီဆယ်တိုင်တန်းသဖြင့် ရိုက်နှက်ဖမ်းဆီးခံခဲ့ရကြောင်း၊ လျှပ်စစ်မီတာခ မပေးဆောင်လျှင် စစ်တပ်ကိုခေါ်၍ ဖမ်းဆီးခိုင်းမည်ဟု ခြိမ်းခြောက်ပြီး လျှပ်စစ်မီတာကြေးများကို အဆမတန်ကောက်ခံခဲ့သူဖြစ်ကြောင်း ​ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“မြို့နယ် EPC ဝန်ထမ်းတွေနဲ့ လက်ဝါးရိုက်ပြီး အဆမတန်ကောက်တယ်။ မီတာကြေးကလည်း ယူနစ်ဖတ်ပြီးကောက်တာမဟုတ်ဘူး။ အရင်က သုံးထောင်လောက်ကျတဲ့အိမ်တွေကို အခုသောင်းနှစ်ထောင် တစ်သောင်းခွဲနဲ့ တချို့အိမ်တွေဆို ပရမ်းပတာကြေးတွေကို ဆောင်ကြရတာ။လျှပ်စစ်မီတာကြေးတွေကို သူကလည်းရတယ်လို့ကြားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်း၏သားဖြစ်သူမှာလည်း လက်ရှိစစ်သားအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ဦးအောင်ဝင်းသည် သူငယ်တော်လမ်းဆုံ စစ်ဆေးရေးဂိတ်နှင့် စစ်​ကောင်စီတပ်သားများထံသို့ သတင်းများပေးပို့ခဲ့သူဖြစ်ကြောင်း၊ ယခုကာလတွင်း၌ပင် စစ်သားအဖြစ် ထမ်းဆောင်နိုင်ရန် အမျိုးသား နှစ်ဦးကိုလည်း စစ်တပ်အသွင်းသို့ သွင်းပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။