Connect with us

Hi, what are you looking for?

News

မင်းတပ် CDFက အနီးကပ်တိုက်ခိုက်၍ စစ်ကောင်စီတပ်သား ​လေးဦးသေ၊ မိုင်းဆွဲတိုက်ခိုက်မှု ကြောင့်လည်း သေဆုံးမှုများနိုင်ဟု ခန့်မှန်း

ယနေ့တွင် မင်းတပ် CDFနယ်မြေသို့ ဝင်လာသည့် စစ်ကောင်စီတပ်များကို CDF တပ်ဖွဲ့ဝင်များက စောင့်ကြိုတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ် မတူပီမြို့မှ ဆင်းလာသည့် စစ်ကောင်စီတပ်နှင့် မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF)တို့ ယနေ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ အနီးကပ် ပြောက်ကျားတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ​လေးဦးသေဆုံးကာ ၃ဦး ဒဏ်ရာပြင်းထန်ခဲ့ကြောင်း မင်းတပ် CDFက သတင်းထုတ်ပြန်သည်။

မင်းတပ် CDF၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင် စီဘက်မှ အကျအဆုံးများနိုင်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။ မင်းတပ် CDF၏ သတင်းထုတ်ပြန်ချက်ကို Ha Om အမည်ရှိ မင်းတပ် CDF၏ ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်၏ Facebook ၌ ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုများ၌ မင်းတပ် CDFတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

မတူပီမြို့သို့ စစ်အင်အားသွားရောက်ပို့ဆောင်သည့် ယာဉ်တန်းသည် ဧပြီ ၂၇ရက်တွင် မတူပီမှ မင်းတပ်ဘက်သို့ ထွက်ခွာလာရာ မတူပီ CDFကလည်း မိုင်းဆွဲတိုက် ခိုက်မှု၊ ခြုံခိုတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ စစ်ကောင် စီတပ်မှ ၁၅ဦးထက်မနည်း သေဆုံးခဲ့သည်ဟု မတူပီ CDFက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။