Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ ဖိအားပေးဖွင့်လှစ်ခဲ့သည့်ရုပ်ရှင်ရုံများ ကြည့်ရှုသူမရှိ၍ အချို့ပြန်ပိတ်

“ပရိသတ်ကလုံးဝမလာတဲ့အတွက် ရုပ်ရှင်ဌာနတွေကို စာတင်ပြီး ခဏနားလိုက်တဲ့သဘောပါ”ဟု ယင်းရုံပိုင်ရှင်က ပြောသည်။

ဓာတ်ပုံ - PS၊ CJ

အကြမ်းဖက်စစ်ကောင်စီက ဖိအားပေးပြန်လည်ဖွင့်လှစ်ခဲ့သည့် ရုပ်ရှင်ရုံများလာရောက်ကြည့်ရှုသူ မရှိသလောက်နည်းပါးသောကြောင့် ရုပ်ရှင်ရုံအချို့ပြန်ပိတ်ထားရကြောင်း ရုံပိုင်ရှင်တစ်ဦးက ပြောသည်။

“နှစ်ဆန်းတစ်ရက်နေ့က လူမင်းကားစပြတယ်။ သုံးရက်ပြတယ်။ သုံးရက်တောင်တစ်ပွဲပဲပြနိုင်တယ်။ လူကမလာဘူး။တစ်ပွဲတောင် လူသုံးယောက်နဲ့ပြလိုက်ရတာ”ဟု အထက်ပါ ရုံပိုင်ရှင်ကပြောသည်။

ထို့အပြင် ပြေတီဦးနှင့်‌ ဖွေးဖွေးတို့၏ ဇာတ်ကားကို ကြေငြာများသေချာလုပ်၍ ဆက်လက်ပြသခဲ့ရာ ပရိသတ်လုံးဝမလာကြောင်း ၎င်းက ဆိုသည်။

ဓာတ်ပုံ – PS၊ CJ

“ပရိသတ်ကလုံးဝမလာတဲ့အတွက် ရုပ်ရှင်ဌာနတွေကို စာတင်ပြီး ခဏနားလိုက်တဲ့သဘောပါ”ဟု ယင်းရုံပိုင်ရှင်က ပြောသည်။

Public Service Announcement

Public Service Announcement

ကြည့်ရှုသည့် ပရိသတ်နည်းပါးသောကြောင့် ရုံပိုင်ရှင်များက ရုပ်ရှင်အစည်းအရုံးသို့ ရုံများပြန်ပိတ်ရန် စာတင်ထားသည်ဟုသတင်းများထွက်ပေါ်နေသော်လည်း People’s Springအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

အကြမ်းဖက်စစ်ကောင်စီက ရုပ်ရှင်များကို ပရိသတ်စိတ်ဝင်စားမှုရှိစေရန် ပြည်သူနှင့်အတူရပ်တည်ကာ နွေဦးတော်လှန်ရေး၌ ပါဝင်ခဲ့သောကြောင့် မတရားပြစ်ဒဏ်ချခံခဲ့ရသည့် မင်းသား၊မင်းသမီးများ၏ ရုပ်ရှင်ဇာတ်ကားများဖြင့် စတင်ပြသရန် စီစဥ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ဓာတ်ပုံ – PS၊ CJ

စတင်ပြသမည့် နှစ်ဆန်းတစ်ရက်တွင် လူမင်း၊နေမင်း၊ ရွှေမှုန်ရတီ တို့ပါဝင်သရုပ်ဆောင်ထားသည့် ဝေးမနေချင်ဘူးဇာတ်ကားကိုစပြခဲ့ပြီး ဧပြီ ၂၉တွင် ပြေတီဦးနှင့်ဖွေးဖွေးပါဝင်သည့် လိပ်ပြာထောင်ချောက်၊ မေလ၆ရက်တွင် ပိုင်တံခွန်နှင့်အိချောပို တို့ပါဝင်သည့် အမှောင်တိုက်၊ မေလ၁၃ရက်တွင် ပြေတီဦးနှင့်ဝတ်မှုံရွှေရည်တို့ပါဝင်သည့် ရွာဂေါ်၊ မေလ၂၀ရက်တွင် အောင်ရဲလင်းနှင့်အိန္ဒြာကျော်ဇင်တို့ပါဝင်သည့် အချိုဆုံးအချစ် အပြင်းဆုံးမေတ္တာ နှင့် မေလ၂၇၇က်တွင်ပြေတီဦး ၊ မနော၊ ခိုင်သင်းကြည်၊ သင်ဇာဝင့်ကျော်တို့ပါဝင်သည့် ကမောက်ကမ သမီးယောက်မ ဇာတ်ကားများအစဉ်လိုက်ရုံတင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက ပြည်သူများ ပုံမှန်လည်ပတ်နေသည်ဟု ပြသချင်သောကြောင့် ရုပ်ရှင်ရုံများပြန်လည်ဖွင့်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် လက်ရှိကာလ၌ ရုပ်ရှင်ရုံများသို့ မသွားရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါစတင်‌တွေ့ရှိသည့် ၂၀၂၀ မတ်လတွင် စတင်ပိတ်ခဲ့ရသည့် ရုပ်ရှင်ရုံများကို အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့သည့်နှစ်ဆန်းတစ်ရက်တွင် ပြန်လည်ဖွင့်ရန် ဖိအားပေးခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။