Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီ တိုက်ခိုက်ရန် ပြည်သူများ၏ လှူဒါန်း​ငွေဖြင့် ဝယ်ယူထား​သောလက်နက်ခဲယမ်းများကို ရွာငံမြို့ပြ​ပြောက်ကျားအဖွဲ့ ထုတ်ပြ

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင် ရှမ်းပြည် နယ်တောင်ပိုင်းတွင် ဧပြီလမှစတင်ကာ စစ်ကောင်စီအား တန်​ပြန်တိုက်ခိုက်ရေး အရှိန်မြင့်လာနေသည်။

အကြမ်းဖက်စစ်ကောင်စီအား တိုက်ခိုက်ရန် ပြည်သူ လူထု၏ လှူဒါန်းငွေဖြင့်ဝယ်ယူခဲ့သည့် လက်နက်ခဲယမ်းအချို့ကို ရွာငံမြို့ပြပျောက်ကျားတပ်ဖွဲ့က ထုတ်ဖော်ပြသသည်။

M16 သေနတ်တစ်လက်အပါအဝင် လက်နက် ၆လက်၊ ကျည်ငါးရာကို ပြည်သူလူထုက ဧပြီအတွင်း လှူဒါန်းငွေဖြင့် ဝယ်ယူခဲ့သည်ဟု ဓာတ်ပုံမှတ်တမ်းနှင့်အတူ ယနေ့(မေ ၇ရက်) သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

ဝယ်ယူထားသော လက်နက်ခဲယမ်းအချို့လည်း ကျန်ရှိနေသေးပြီး ငွေမချေရသေးကြောင်း ရွာငံမြို့ပြပျောက်ကျားတပ်ဖွဲ့ – Ye Ngan Urban Gierrillasက အသိပေး ထားသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင် ရှမ်းပြည် နယ်တောင်ပိုင်းတွင် ဧပြီလမှစတင်ကာ စစ်ကောင်စီအား တန်​ပြန်တိုက်ခိုက်ရေး အရှိန်မြင့်လာနေသည်။

Public Service Announcement

Public Service Announcement

ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ၇ ဖွဲ့က ပူးပေါင်းပြီး ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့ (SSRY)ကိုဧပြီ ၂၁ရက်က ဖွဲ့စည်းခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရက ချမှတ်ထားသော မူဝါဒများနှင့်အညီရပ်တည်သွားမည်ဟု SSRYက ထုတ်ပြန်ထားသည်။

ထို့အပြင် ပင်းတယမြို့ပြပြောက်ကျားတပ်စု( Urban Task Force- Pindaya)ကိုလည်း မေလ ၄ရက်က ထပ်မံဖွဲဲ့စည်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ချောင်းဦးမြို့ကိုပို့မယ့် စစ်တပ်ရဲ့လက်နက်ခဲယမ်းယာဥ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ် ၂ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရမိကြောင်း တော်လှန်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရဲကွန်မန်ဒို ၁ဦးကို လက်နက်ခဲယမ်းတွေနဲ့ အရှင်ဖမ်းမိပြီး ပေါ်တာဆွဲခံရတဲ့သူ ၁ဦးကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တာ၀န်ရှိသူက ပြောပါတယ်။