Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီ တိုက်ခိုက်ရန် ပြည်သူများ၏ လှူဒါန်း​ငွေဖြင့် ဝယ်ယူထား​သောလက်နက်ခဲယမ်းများကို ရွာငံမြို့ပြ​ပြောက်ကျားအဖွဲ့ ထုတ်ပြ

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင် ရှမ်းပြည် နယ်တောင်ပိုင်းတွင် ဧပြီလမှစတင်ကာ စစ်ကောင်စီအား တန်​ပြန်တိုက်ခိုက်ရေး အရှိန်မြင့်လာနေသည်။

အကြမ်းဖက်စစ်ကောင်စီအား တိုက်ခိုက်ရန် ပြည်သူ လူထု၏ လှူဒါန်းငွေဖြင့်ဝယ်ယူခဲ့သည့် လက်နက်ခဲယမ်းအချို့ကို ရွာငံမြို့ပြပျောက်ကျားတပ်ဖွဲ့က ထုတ်ဖော်ပြသသည်။

M16 သေနတ်တစ်လက်အပါအဝင် လက်နက် ၆လက်၊ ကျည်ငါးရာကို ပြည်သူလူထုက ဧပြီအတွင်း လှူဒါန်းငွေဖြင့် ဝယ်ယူခဲ့သည်ဟု ဓာတ်ပုံမှတ်တမ်းနှင့်အတူ ယနေ့(မေ ၇ရက်) သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

ဝယ်ယူထားသော လက်နက်ခဲယမ်းအချို့လည်း ကျန်ရှိနေသေးပြီး ငွေမချေရသေးကြောင်း ရွာငံမြို့ပြပျောက်ကျားတပ်ဖွဲ့ – Ye Ngan Urban Gierrillasက အသိပေး ထားသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင် ရှမ်းပြည် နယ်တောင်ပိုင်းတွင် ဧပြီလမှစတင်ကာ စစ်ကောင်စီအား တန်​ပြန်တိုက်ခိုက်ရေး အရှိန်မြင့်လာနေသည်။

Public Service Announcement

Public Service Announcement

ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ၇ ဖွဲ့က ပူးပေါင်းပြီး ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့ (SSRY)ကိုဧပြီ ၂၁ရက်က ဖွဲ့စည်းခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရက ချမှတ်ထားသော မူဝါဒများနှင့်အညီရပ်တည်သွားမည်ဟု SSRYက ထုတ်ပြန်ထားသည်။

ထို့အပြင် ပင်းတယမြို့ပြပြောက်ကျားတပ်စု( Urban Task Force- Pindaya)ကိုလည်း မေလ ၄ရက်က ထပ်မံဖွဲဲ့စည်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။