Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်အကြမ်းဖက်၍ ဟံလင်းပျူမြို့​ဟောင်းအပါအဝင်ရွာ​ပေါင်း ၁၆ ရွာမှပြည်သူများထွက်​ပြေး​နေရ

အကြမ်းဖက်စစ်တပ်သည် ရေယာဥ်မောင်-ဟံလင်း-စခန်းသာ-ငပိအိုးလမ်းပိုင်း၊ မင်းရပ်-ဟံလင်း-ဆားတောင်ကြီး-မှတ်ထိ(သစ်ဆိမ့်-ဝက်လက်) အစရှိသည့်လမ်းပိုင်းများတွင် အရပ်ဝတ် PDF အယောင်ဆောင် လှည့်လည်နေသည်။

(မေလ ၁၂ ရက်နေ့က အကြမ်းဖက်စစ်တပ်မီးရှို့နေ၍ ထွက်ပြေးလာရသည့် ရွှေဘိုနယ်အရှေ့ပိုင်း ဒေသခံများ။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုနှင့်ဝက်လက်နယ်စပ်ရှိ ဟံလင်းပျူမြို့ဟောင်းအပါအဝင် ရွာပေါင်း ၁၆ ရွာခန့်အား အကြမ်းဖက်စစ်တပ် ဝင်ရောက်ပစ်ခတ်ဖမ်းဆီးနေ၍ ပြ​ည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသခံများကပြောသည်။

ယမန်နေ့ (မေလ ၁၃ ရက်) နံနက်ပိုင်းက ဝက်လက်မြို့နယ် မြောက်ဖျားပိုင်းဖြစ်သော ဟံလင်းပျူမြို့ဟောင်း၊ ရွှေဘိုမြို့နယ် အရှေ့တောင်ဖျားပိုင်းရှိ ငပိအိုး၊ရွာသစ်ကုန်း၊ သဲကျွန်း၊ဂွေးပင်ကုန်း အစရှိသည့် ကျေးရွာများအပါအဝင် ရွာပေါင်း၁၆ ရွာခန့်အား အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာ​၍ ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။

(မေလ ၁၂ ရက်နေ့က အကြမ်းဖက်စစ်တပ်မီးရှို့နေ၍ ထွက်ပြေးလာရသည့် ရွှေဘိုနယ်အရှေ့ပိုင်း ဒေသခံများ။ ။ဓါတ်ပုံ-CJ)

ဟံလင်းပျူမြို့ဟောင်းတစ်ရွာတည်းတင် လူတစ်ရာထက်မနည်း ဖမ်းဆီးခံထားရပြီး အမျိုးသမီးနှင့် ကလေးငယ်များပါ ပါဝင်ကြောင်း၊ ဟံလင်းရွာရှိ အိမ်တိုင်းဝင်ပြီး ပစ္စည်းများယူဆောင်သွားကြောင်းဒေသခံများကပြောသည်။

“ဟံလင်းမြို့ဟောင်းထဲမှာ ရသမျှကားတွေ လိုက်ပြီး ချောဆွဲတယ်။ ကျေးရွာ ၁၆ ရွာလုံး ထွက်ပြေးကြတာဆိုတော့ ထော်လာဂျီကအစ ကိုယ်သယ်နိုင်သမျှ ယူပြီး ထွက်ပြေးကြတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် ဧရာဝတီမြစ်အတွင်းစဥ့်ကူးမြို့နယ်၊ စကျင်တောင်၊ ဆယ်ပင်ကျွန်း၊ ဘုံသာကုန်း ကျေးရွာများဘက်မှတက်လာခြင်းဖြစ်သည်။

မေလ ၁၂ ရက်နေ့က ရွှေဘို ထနောင်းကိုင်းရွာနှင့် ငပိအိုးကျေးရွာအနီးတွင် တိုက်ခိုက်ခံခဲ့ရပြီး ငပိအိုးရွာအဝင် တိုက်ပွဲတွင် ၂၀ ခန့်သေဆုံးခဲ့သည်ဟု သိရသည်။

အကြမ်းဖက်စစ်တပ်သည် ရေယာဥ်မောင်-ဟံလင်း-စခန်းသာ-ငပိအိုးလမ်းပိုင်း၊ မင်းရပ်-ဟံလင်း-ဆားတောင်ကြီး-မှတ်ထိ(သစ်ဆိမ့်-ဝက်လက်) အစရှိသည့်လမ်းပိုင်းများတွင် အရပ်ဝတ် PDF အယောင်ဆောင် လှည့်လည်နေသည်။

မေလ ၁၁ ရက်နေ့မှစ၍ ရွှေဘိုခရိုင်၊ရွှေဘိုနယ်နှင့် ဝက်လက်နယ် အရှေ့ခြမ်းရှိ ခရိုင်ချင်းဆက် အမှတ်(၃)လမ်း၊ ရွှေဘို ကျောက်မြောင်းလမ်း၊ရွှေဘို ဝက်လက်လမ်းများအား ည၇နာရီမှ နံနက်၆နာရီအတွင်း သွားလာခြင်းမပြုကြရန် နတ်တောင်နဂါး(ပ က ဖ)ပြောက်ကျားတပ်ဖွဲ့က သတိပေးထားသည်။

(မေလ ၁၂ ရက်နေ့က အကြမ်းဖက်စစ်တပ်မီးရှို့နေ၍ ထွက်ပြေးလာရသည့် ရွှေဘိုနယ်အရှေ့ပိုင်း ဒေသခံများ။ ။ဓါတ်ပုံ-CJ)

မေလ ၅ ရက်နေ့က ရွှေဘိုမြို့နယ်နှင့် ဝက်လက်နယ်အစပ်တွင်ရှိသည့် ကုလားမကျေးရွာနှင့် လက်ကောက်ကျ ကျေးရွာတို့ကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့မှု့ကြောင့် ကျေးရွာ၂ရွာလုံးတို့မှ အိမ်ခြေအားလုံးနီးပါး မီးလောင်ပြာကျခဲ့သည်။

မေလ ၁၂ ရက်နေ့ နံနက်ပိုင်းကလည်း အကြမ်းဖက်စစ်တပ်သည် ရွှေဘိုမြို့နယ်၊ ဂွေးပင်ကုန်း၊ သဲကျွန်းနှင့် ရွာသစ်ကုန်းကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၄၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။