Connect with us

Hi, what are you looking for?

News

ခင်ဦးမြို့နယ်တွင် နံနက်​​ဝေလီ​ဝေလင်း မိုင်းဆွဲတိုက်ခိုက်မှု စစ်ကောင်စီတပ် ဝရမ်းသုန်းကားဖြစ်

စစ်ကောင်စီတပ်ဖွဲ့အား အင်းပတ်ကွေ့အရောက်တွင် ရှေ့ထွက်မိုင်း သုံးလုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၁၀စီးခန့် နေရာတင်လဲကျ၍ ကျန်အစီးများ ဝရမ်းသုန်းကားဖြစ်ကာ စျေးဆိုင်တန်းများအတွင်း ထိုးကျသွားခဲ့ကြောင်း KSO အဖွဲ့က ပြောသည်။

(KSO အဖွဲ့မှ ရဲ​ဘော်များအား ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် နံနက်​စောပိုင်းက ဆိုင်ကယ်များဖြင့် လှည့်လည်လာသည့် စစ်​ကောင်စီတပ်အား မိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားအများအပြားသေဆုံးနိုင်ကြောင်း Khin U Support Organization-KSO အဖွဲ့က အသိ​ပေးထုတ်ပြန်သည်။

ယနေ့ (မေလ ၁၅ ရက်) နံနက် ၅နာရီ မိနစ်၂၀ခန့်က ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာဘက်မှ အနောက်ဘက် ရေဦးမြို့နယ်သို့ ဆိုင်ကယ်တစ်စီးလျှင် နှစ်ဦးပါရှိသည့် စစ်​ကောင်စီတပ်သားများသည် အစီး​ရေ ၂၀ခန့်ဖြင့် လာ​ရောက်စဥ် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့အား အင်းပတ်ကွေ့အရောက်တွင် ရှေ့ထွက်မိုင်း သုံးလုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၁၀စီးခန့် နေရာတင်လဲကျ၍ ကျန်အစီးများ ဝရမ်းသုန်းကားဖြစ်ကာ စျေးဆိုင်တန်းများအတွင်း ထိုးကျသွားခဲ့ကြောင်း KSO အဖွဲ့က ပြောသည်။

၎င်းတို့တိုက်ခိုက်ခံရပြီးနောက် အင်းပတ်ကွေ့တွင် ခြေလျင်ဖြန့်ကာ သေနတ်များ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါဖြစ်စဥ်ကြောင့် ရေဦး – ခင်ဦးလမ်းပိုင်း၌ အကြမ်းဖက်စစ်တပ်များ ခြေရှုပ်နိုင်ပြီး ဒဏ်ရာရသူများနှင့် ရုပ်အလောင်းများအား ရေဦးမြို့ဘက်မှ လာကောက်နိုင်ကြောင်း ဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

“ငရဲပြည်သွားမည့်ကောင်တော်တော် များပါတယ်။ အတိအကျထပ်မံသိရပါက ကြေညာပေးသွားပါမည် “ဟု KSO အဖွဲ့က အသိပေးသည်။

စစ်​ကောင်စီတပ်သည် ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးကာ ကျေးရွာများအား ဖျက်ဆီးနေသည်။ ယမန်နေ့ညနေ ၄နာရီခန့်ကလည်း မြို့သစ်ရွာနှင့် ကံကြီးကုန်းကျေးရွာအတွင်းမှ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားခဲ့ပြီး ပြည်သူတစ်ဦး ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် မုံတိုင်ပင်နှင့်အင်ပင်ကျေးရွာတွင် ​ဒေသခံပြည်သူ ၃၀ဦးထက်မနည်းကိုလည်း စစ်ကောင်စီက သတ်ဖြတ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။