Connect with us

Hi, what are you looking for?

News

ပျူ​များလိုက်လာ​သော ရိက္ခာကားကိုတိုက်ခိုက်ရာ ပျူ​ခေါင်း​ဆောင်အပါအဝင်​လေးဦး​သေ

တိုက်ခိုက်မှုကိုမြိုင် PDFနှင့်အတူဂဠုန်ပြည့်သူကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး PDF တပ်ဖွဲ့ဝင်များအထိအခိုက်မရှိဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ပျူစောထီးများလိုက်ပါလာသည့် ရိက္ခာကားကို တိုက်ခိုက်ရာ ဝက်ပုတ်ရွာပျူစောထီးခေါင်းဆောင်နှင့်အတူ လေးဦးသေဆုံးကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန် သည်။

ယနေ့(မေ ၁၅ ရက်) နေ့ခင်း ၂ နာရီ မိနစ် ၂၀ ခန့်တွင် သတင်းအရ ကိုင်းတောမ-ကမ္မလမ်းပေါ်တွင် စောင့်ဆိုင်းတိုက်ခိုက်ခြင်းဟု​ဖော်ပြထားသည်။

“စစ်ကောင်စီဒေါက်တိုင်တွေ စကစနဲ့ ပက်သက်ပြီး ပြည်သူလူထုကို ဒုက္ခပေးမဲ့သူမှန်သမျှ စကစနဲ့ တစ်တန်းထဲထားပြီး ချေမှုန်းတာကို နောက်လည်း ဆက်လက်လုပ်ဆောင်သွားမှာပါ”ဟုမြိုင် PDF တာဝန်ရှိသူကPeople’s Spring သို့ပြောသည်။

Public Service Announcement

ယနေ့တိုက်ခိုက်မှုတွင် ဝက်ပုတ်ပျူခေါင်းဆောင်ဝင်းငွေနှင့် အတူ ​လေးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း မြိုင် PDF က အတည်ပြုသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကိုမြိုင် PDFနှင့်အတူဂဠုန်ပြည့်သူကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး PDF တပ်ဖွဲ့ဝင်များအထိအခိုက်မရှိဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

လက်ရှိမြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင် စီတပ်က စစ်ကြောင်းနှစ်ခုထိုးနေပြီး တောင်ပိုင်းအခြမ်းရှိ ကျေးရွာသုံးခုထက်မနည်း မီးရှို့ခံထားရကာ အိမ်ခြေ ၁၀၀ ကျော်မီးလောင်ပြာကျခဲ့​သည်။

ထိုစစ်ကြောင်းကို မေ ၂ ရက်ကစ၍ ၅ရက်အထိပြောက်ကျားတိုက်ခိုက်မှုနှင့်အတူ မေ ၁၂ ရက်က မိုင်းအလုံး ၁၀၀ ခန့်ဖြင့် တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား၃၀ထက်မနည်း သေဆုံးကြောင်း ဒေသခံပြည်သူ့တပ်ဖွဲ့များက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook