Connect with us

Hi, what are you looking for?

News

NUG မဟာမိတ် ဆက်ဆံရေးကော်မတီနှင့် ULA/AA ခေါင်းဆောင်များ ဆွေး​နွေး

နွေဦး​တော်လှန်​ရေးကာလတွင် NUG နှင့် AA ​ခေါင်း​ဆောင်များ ​တွေ့ဆုံ​​​ဆွေး​နွေးမှုများ ရှိခဲ့​သော်လည်း သတင်းမထုတ်ပြန်ခဲ့ဘဲယခုအကြိမ်ထူးခြားမှုမှာNUG နှင့် ULA/AA ​ခေါင်း​ဆောင်များကြားတရာဝင်​ဆွေး​နွေးမှုကို ပထမဆုံးအကြိမ်သတင်းထုတ်ပြန်ခြင်းဖြစ်သည်။​

●NUG နှင့် ULA/AA ​ခေါင်း​ဆောင်များတရာဝင်​တွေ့ဆုံ​ဆွေး​နွေးမှုကိုပထမဆုံးအကြိမ်သတင်းထုတ်ပြန်ခြင်းဖြစ်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ မဟာမိတ်ဆက်ဆံရေးကော်မတီ နှင့် ရက္ခိုင်ပြည်သူ့အစိုးရ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUGက သတင်းထုတ်ပြန်သည်။

မေလ ၁၆ရက်က ပြုလုပ်ခဲ့သည့် အဆိုပါ ဆွေးနွေးပွဲသို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဦးမင်းကိုနိုင်တို့ ဦးဆာင်သည့် ကော်မတီ အဖွဲ့ဝင်များ၊ ULA/AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ညိုထွန်းအောင်တို့ ဦးဆောင်သည့် ရက္ခိုင်ပြည်သူ့အစိုးရ တာဝန်ရှိသူများ တက်ရောက်ခဲ့ သည်ဟု ဖော်ပြသည်။

နွေဦး​တော်လှန်​ရေးကာလတွင် NUG နှင့် AA ​ခေါင်း​ဆောင်များ ​တွေ့ဆုံ​​​ဆွေး​နွေးမှုများ ရှိခဲ့​သော်လည်း သတင်းမထုတ်ပြန်ခဲ့ဘဲယခုအကြိမ်ထူးခြားမှုမှာNUG နှင့် ULA/AA ​ခေါင်း​ဆောင်များကြားတရာဝင်​ဆွေး​နွေးမှုကို ပထမဆုံးအကြိမ်သတင်းထုတ်ပြန်ခြင်းဖြစ်သည်။​

Public Service Announcement

Public Service Announcement

“ခုလိုတရားဝင်ကျေညာတယ်ဆိုကထဲက အောင်မြင်မှုရလို့ပဲ” ဟု နိုင်ငံရေးသမားတစ်ဦးကမှတ်ချက်ပြုသည်။

ဆွေးနွေးမှုသည် ၂နာရီ ခန့်ကြာမြင့်ခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပျက်နေသော နိုင်ငံရေး အခြေအနေများ၊ တိုင်းပြည်၏ အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ နှစ်ဖက် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်အကြား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရဖက်က လက်ရှိလုပ်ဆောင်လျက်ရှိသော အခြေအနေများ၊ အခင်းအကျင်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဆွေးနွေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ULA၏ တပ်ဖွဲ့ဖြစ်သော ရက္ခိုင့်တပ်တော်(AA)သည် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်က စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲကာလမှစ၍ နှစ်ဖက် နားလည်မှုနှင့် အပစ်ရပ်စဲထားသော်လည်း ယခုလပိုင်းအတွင်းစစ်ရေးတင်းမာမှုနှင့်တိုက်ပွဲများရခိုင်ပြည်နယ်ရှိ မြို့နယ် အချို့တွင် ဖြစ်ပွားခဲ့သည်။

AA နှင့် စစ်​ကောင်စီတပ် ​စစ်​ရေးပိုမိုတင်မာလာချိန်တွင်AAစစ်ဦးစီးချုပ်က အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုကို အာရုံ​နောက်​အောင်ဆက်လုပ်​နေပါကဌာနချုပ်အထိ့လာတိုက်မည်ဟုသတိပေးခဲ့သည်။ ထိုအပြင် အကြမ်းဖက်စစ်ခေါင်​ဆောင် မင်း​အောင်လှိုင်ဖိတ်​ခေါ်​သောငြိမ်းချမ်း​ရေး​ဆွေး​နွေးပွဲကို AA ကမတက်​ရောက်​ပေ။

​မေလ ၁၅ ရက်​နေ့ကလည်းချင်းပြည်နယ် ကန်ပက်လက်မြို့နယ် သံ​ထောင်​ကျေးရွာသို့ စစ်ကောင်စီ၏ရိက္ခာလာပို့​သောရဟတ်ယာဥ်ကို AA ကပစ်ခတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook