Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်မောင်းနှင်လာသောကားကိုမိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာ-တောင်ပိုင်း PDF ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မုံရွာ-တောင်ပိုင်း)သည် Black Dragon Special Task Force ၊ Anyar Defense Force(ADF)တို့နှင့်အတူ ယနေ့နံနက် ၅ နာရီခွဲတွင် မုံရွာ-အရာတော်လမ်း အတိုင်း မောင်းနှင်လာသော အံစာတုံးကားကို မြန်မာ့မဏ္ဍိုင်စက်သုံးဆီဆိုင်အနီးတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မုံရွာ-အရာ​တော်လမ်းအတိုင်းအရပ်သားကဲ့သို့ဝတ်ဆင်လာ​သောစစ်ကောင်စီတပ်ဖွဲ့ဝင်များမောင်းနှင်လာသည့် အိမ်စီးအံစာတုံးကားကို မိုင်း ၆ လုံးခွဲကာ တိုက်ခိုက်ခဲ့ကြောင်း People’s Defence Force-South Monywa က ယနေ့ သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မုံရွာ-တောင်ပိုင်း)သည် Black Dragon Special Task Force ၊ Anyar Defense Force(ADF)တို့နှင့်အတူ ယနေ့နံနက် ၅ နာရီခွဲတွင် မုံရွာ-အရာတော်လမ်း အတိုင်း မောင်းနှင်လာသော အံစာတုံးကားကို မြန်မာ့မဏ္ဍိုင်စက်သုံးဆီဆိုင်အနီးတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိခဲ့သော်လည်း နောက်ဆက်တွဲရလဒ်အသေးစိတ်ကို မသိရှိရသေးကြောင်း People’s Defence Force – South Monywa က ထုတ်ပြန်သည်။

အထက်ပါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မိတ်ဖက်တပ်ဖွဲ့များသည် နယ်မြေစိုးမိုးမှုရရှိရန်ကြိုး စားနေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၎င်းတို့၏ ဝပ်ကျင်းမှ ထွက်လာသည်နှင့် လုံခြုံမှုမရှိကြောင်းဆိုသည်ထက် ဝပ်ကျင်းထဲမှာပင် လုံခြုံမှုမရှိကြောင်းကို ပြသရန် ကြိုးစားနေ ကြောင်း​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ပြည်သူများက ပြည်သူ့ကာကွယ်ရေးတပ်များဘက် ရှိနေသရွေ့၊ ပံ့ပိုးထောက်ပံ့မှုများလုပ်ဆောင် နေသရွေ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများနေမည်ဖြစ်၍ တော်လှန်စိတ်ဖြင့် ပြည်သူလူထုက ဆက်လက်ထောက်ပံ့ကူညီစေလိုကြောင်း People’s Defence Force – South Monywa ကမေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook