Connect with us

Hi, what are you looking for?

News

ပွင့်ဖြူမှ စစ်​ကောင်စီတပ်စစ်​ဆေး​ရေးဂိတ်အနီးမိုင်းဆွဲတိုက်ခိုက်ရာ ရဲနှစ်ဦးဒဏ်ရာရ

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်သား၊ ရဲ၊စစ်‌ကောင်စီခန့်အုပ်ကြီး၊ ဒလန်သတင်းပေးများနှင့် အနီးကပ်မနေကြရန်နှင့် စစ်ကောင်စီကို အရှိန်ဟုန်မြှင့်ဆက်လက်တိုက်ခိုက်သွားမည်ဟု PDF ပွင့်ဖြူက ပြောသည်။

(၂၀၂၁ ခုနှစ် မတ်လအတွင်းက ပွင့်ဖြူမြို့နယ်၌ ရန်ပွဲတစ်ခုဖြစ်ပွားစဥ် တွေ့မြင်ရသော ရဲတစ်ဦးနှင့် ပြည်သူများ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်အနီး မိုင်းဆွဲတိုက်ခိုက်ရာ ရဲနှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ပြည်သူကာကွယ်ရေးအဖွဲ့-ပွင့်ဖြူက သတင်းထုတ်ပြန်သည်။

မေလ ၁၈ ရက် နံနက် ၈း ၃၂ အချိန်က ပွင့်ဖြူမြို့နယ် တောင်ဘက် စစ်ဆေးရေးဂိတ်အနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲနှစ်ဦးထိခိုက်ဒဏ်ရာရသွားပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ပြည်သူကာကွယ်ရေးအဖွဲ့-ပွင့်ဖြူက ပြောသည်။

ငွေအားလက်နက်အား မလုံလောက်ခြင်းကြောင့် ဆွဲမိုင်း Remote မိုင်းများဖြင့် အခွင့်ရေးရတိုင်း ကြိုးစားတိုက်ခိုက်နေကြောင်း၊ပြီးခဲ့သည့်ရက်ပိုင်းက မြို့တွင်းစစ်ဆင်ရေးများဖော်ဆောင်ခဲ့သော်လည်း ပြည်သူများနှင့်မလွတ်ကင်းသည့်အတွက် ဖျက်သိမ်းခဲ့ရကြောင်း ပြည်သူကာကွယ်ရေးအဖွဲ့-ပွင့်ဖြူက ပြောသည်။

ယမန်နေ့ကလည်း ပွင့်ဖြူအရှေ့ပိုင်းရပ်ကွက် စစ်ကောင်စီခန့် အုပ်ကြီးအိမ်တွင် ခွဲမိုင်းစီစဉ်ထားသော်လည်း ပြည်သူများနှင့် မလွတ်ကင်းသောကြောင့် နောက်ဆုတ်ခဲ့ရသည်ဟု PDF ပွင့်ဖြူက ဆိုသည်။

Public Service Announcement

Public Service Announcement

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်သား၊ ရဲ၊စစ်‌ကောင်စီခန့်အုပ်ကြီး၊ ဒလန်သတင်းပေးများနှင့် အနီးကပ်မနေကြရန်နှင့် စစ်ကောင်စီကို အရှိန်ဟုန်မြှင့်ဆက်လက်တိုက်ခိုက်သွားမည်ဟု PDF ပွင့်ဖြူက ပြောသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ PDF-ပွင့်ဖြူထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

PDF-ပွင့်ဖြူသည် မတ်လ ၁၈ ရက်နေ့ညပိုင်းက ပွင့်ဖြူမြို့နယ်၊ အနောက်လေးအိမ်နှင့် မကြီးစုကျေးရွာတစ်ဝိုက်တွင် ကင်းလှည့်လာသော အကြမ်းဖက်စစ်တပ်အား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့သ​ည်ဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။