Connect with us

Hi, what are you looking for?

News

ထီးချိုင့်မြို့နယ် တုံလုံရွာသို့ပြန်လာသော စစ်ကောင်စီတပ် နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်​ကောင်စီတပ်သားငါးဦးသေ

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ထုတ်ပြန် သည်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် တုံလုံ​ကျေးရွာသို့ စစ်ကြောင်းပြန်လာသော စစ်ကောင်စီတပ်ကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Eagles Army(HPDF)က ယနေ့(မေ ၂၄)ထုတ်ပြန်သည်။

ယနေ့နံနက် ၁၁နာရီခွဲတွင် ထီးချိုင့်မြို့နယ် ဆပ်ပြေးရွာမှနေ၍ တုံလုံ​ကျေးရွာဘက်သို့ စစ်ကြောင်းပြန်လာသော စစ်ကောင်စီတပ်အား နှစ်ကြိမ်မိုင်းဆွဲ၊ နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ထုတ်ပြန် သည်။

အလားတူ မေလ ၂၂ ရက်ကလည်း ထီးချိုင့်မြို့ နယ် အင်ဒေါင်းရွာဘက် စစ်ကြောင်းထိုးလာသော စစ်ကောင် စီတပ်အား အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂၀ကျော် သေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။