Connect with us

Hi, what are you looking for?

News

မြောင်မြို့နယ်တွင် စစ်​ကောင်စီတပ်၏ စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်၊ တစ်ဦးသေဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ် ရေးနှင့်လုံခြုံရေးအဖွဲ့​ပြော

အကြမ်းဖက်စစ်တပ်သည် မြောင်မြို့နယ်အတွင်း မေလ ၁၈ရက်မှ ယနေ့အထိ ရွာစဉ်လှည့်လည် မီးရှို့နေပြီး တစ်ပတ်အတွင်း ရွာပေါင်း ၁၈ ရွာနှင့် နေအိမ် ၃၉၃လုံးကိုဖျက်ဆီးခဲ့ကြသည်။

(မြောင် CDSOM အဖွဲ့မှ Sniper သမားတစ်ဦးအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်၏ စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရာ တစ်ဦးသေဆုံးသွားကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ် ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)က ပြောသည်။

ယနေ့ (မေလ ၂၄ ရက်) နံနက် ၁၀နာရီဝန်းကျင်က အကြမ်းဖက်စစ်တပ်သည် မြောင်မြို့နယ် ကျောက်ဖူးကုန်ကျေးရွာမှ ဖွားစောကျေးရွာဘက်သို့ ထွက်လာစဥ် မိုင်းဆွဲတိုက်ခို​က်ခဲ့ကြောင်း CDSOM က ပြောသည်။

အကြမ်းဖက်စစ်ကြောင်းသည် ခပ်ကျဲကျဲဖြစ်သော် လည်း မိုင်းအရှိန်ကြောင့် တစ်ဦးအပေါ်မြောက်တက်သွားပြီး တစ်ဦးသေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း CDSOM က ပြောသည်။

အမျိုးသမီးစစ်သည်တော်တပ်ရင်းမြောင် (M2W)မှထုတ်လုပ်သော အဆင့်မြှင့်ပြင်ဆင်ထားသည့် မိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ယနေ့ စစ်ဆင်ရေးတွင် မြောင်မြို့နယ်(ပကဖ)အဖွဲ့ဝင် CDSOM၏ အရှေ့မြောက်ပိုင်း တိုက်ခိုက်ရေးနှင့် ကာကွယ်ရေးအဖွဲ့ ကိုမင်းယက္ခ၊ ကိုဆင်ရိုင်း၊ ကိုမင်းဒေဝါတို့ဦးဆောင်မှုဖြင့် စစ်ကိုင်းခရိုင် တပ်ရင်း(၁)(၂)၊ တပ်ခွဲ(၃)၊ ပြည်သူ့တပ်မတော်-မြောင်(MUA)၊ Myaung Women Warriors-M2W တို့မှ ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ခဲ့ကြသည်။

အကြမ်းဖက်စစ်တပ်သည် မြောင်မြို့နယ်အတွင်း မေလ ၁၈ရက်မှ ယနေ့အထိ ရွာစဉ်လှည့်လည် မီးရှို့နေပြီး တစ်ပတ်အတွင်း ရွာပေါင်း ၁၈ ရွာနှင့် နေအိမ် ၃၉၃လုံးကိုဖျက်ဆီးခဲ့ကြသည်။

ထိုအကြမ်းဖက် စစ်တပ်ယာဉ်တန်းသည် ကျေးရွာများသို့ ဝင်ရောက်လာစဉ် ဂျမ်ဘာများ၊ ဖုန်းလိုင်းဖြတ်တောက်ပြီး လက်နက်ကြီးအလွန်အမင်း အင်အားသုံးကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ တိုက်ခိုက်ရေး မိုင်းခွဲ၍ မရ အောင် ဖန်တီးပြီးစစ်ကြောင်း ချီခဲ့သည်မှာ ​ခြောက်ရက်ကျော်ကြာခဲ့ပြီဖြစ်ကြောင်း CDSOM က ပြော သည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဘာမျှလုပ်၍မရတော့ဟု ဆိုကာ လက်မှိုင်ချ ခေါင်းငိုက်စိုက်ကျမနေဘဲ လုပ်ဆောင်၍ရသမျှကို အခွင့်သာချိန်တွင် ကြိုးစား၍ ဆောင်ရွက်ခဲ့ကြောင်း CDSOMက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။