Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တ​လေးလမ်းတွင်စစ်​ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ရာ ၂၉ ဦး​သေဟု ​ချောင်းဦးနှင့်​မြောင်PDFထုတ်ပြန်

အုပ်စုလိုက်ခြေလျင်လမ်းလျှောက်လာကြသောအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပဒေသာမိုင်းကြောင့် ၂၉ ဦး​နေရာတင်သေဆုံး၍ (၁၂)ဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း ​MSPDF ကအသိ​ပေးသည်။

(ဧပြီလကုန်ပိုင်းတွင် စစ်​ကောင်စီတပ်ယာဥ်တန်းသည်မန္တ​လေး-မုံရွာလမ်းအတိုင်း စစ်ကိုင်းတိုင်းအတွင်းဝင်​ရောက်လာစဥ်။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ခြေလျင်မိုင်းရှာထွက်လာသည့်စစ်ကောင်စီတပ်ဖွဲ့အား ပဒေသာမိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ ၂၉ ဦး​နေရာတင်ပွဲချင်းပြီးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိကြောင်း ​ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF)နှင့် ​မြောင်မြို့နယ်ပြည်သူ့ကာကွယ်​​ရေးအထူးတပ်ဖွဲ့ (MSPDF) တို့ကထုတ်ပြန်သည်။

ယနေ့ (မေလ ၂၆ ရက် ) နံနက်ပိုင်းက ​ချောင်းဦးမြို့နယ်မှထွက်ခွာလာ​သော စစ်ကောင်စီအင်အား (၅၀)ခန့်နှင့် အင်အားအပြည့်လိုက်ပါလာ​သည့် သံချပ်ကား ၂ စီးကို မုံရွာ-မန္တလေးလမ်းမပေါ် မိုင်းရှာထွက်လာရာ နတ်ရေကန်နှင့် ​ရေပိုးစားရွာကြားတွင် ပဒေသာတွဲပွိုင့် ၂ ပွိုင့် (မိုင်း ၈ လုံး)ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

Public Service Announcement

အုပ်စုလိုက်ခြေလျင်လမ်းလျှောက်လာကြသောအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပဒေသာမိုင်းကြောင့် ၂၉ ဦး​နေရာတင်သေဆုံး၍ (၁၂)ဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း ​MSPDF ကအသိ​ပေးသည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍သေဆုံးထိခိုက်မှုအခြေအနေကို People’s Springကသီးခြားအတည်မပြုနိုင်ပါ။

Public Service Announcement

Public Service Announcement

CHU PDF တပ်ခွဲ (၃)မှရဲဘော်များနှင့် MSPDF မှရဲဘော်များပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ရဲဘော်များ အထိအခိုက်မရှိဟု ချောင်းဦး PDF က ပြောသည်။

​ချောင်းဦး PDFသည် ယခုရက်ပိုင်းအတွင်း စစ်​ကောင်စီတပ်ကိုမကြာခဏတိုက်ခိုက်​နေသည်။

ယ​နေ့ နံနက်မှာပင် ​ချောင်းဦး-မြင်းမူလမ်းပိုင်းတွင် စစ်​ကောင်စီတပ်ယာဥ်တန်းကို PDF ​လေးဖွဲ့က ပူး​ပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂၉ ဦး​သေဆုံးခဲ့​ကြောင်း ထိုPDF များကထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့ရဲ့ ရပ်ကွက်အချို့မှာ မိုးရွာလိုက်တိုင်း ​ရေနှုတ်​မြောင်းမရှိတဲ့အတွက် ရေဝပ်ပြီး ရေနစ်မြုပ်​နေတာ​ကြောင့် ​နောက်ဆက်တွဲကျန်းမာ​ရေးပြသာနာ​တွေဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်​​နေကြပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

Facebook