Connect with us

Hi, what are you looking for?

သတင်း

မြောင်ကထွက်လာသော စစ်ကောင်စီတပ် အမြှောက်နှင့် ထုခံရ၊ စစ်ကောင်စီတပ် ခြောက်ဦးသေဟုဆို

ယနေ့နံနက် ၉ နာရီခွဲက မြောင်မှထွက်လာသော စစ်ကောင်စီတပ်ကို လက်ယက်မရွာနှင့် အောင်ချမ်းသာရွာကြားတွင် တစ်ဖက်ပွင့် Mytel အမြှောက်ကြီးသုံးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မြောင်ကထွက်လာသော စစ်ကောင်စီတပ် အမြှောက်နှင့် ထုခံရ

စစ်ကိုင်းတိုင်း မြောင်မြို့မှ ထွက်လာသော စစ်ကောင်စီတပ်ကို လက်လုပ်အမြှောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်က ယနေ့(မေ ၂၇)ထုတ်ပြန်သည်။

ယနေ့နံနက် ၉ နာရီခွဲက မြောင်မှထွက်လာသော စစ်ကောင်စီတပ်ကို လက်ယက်မရွာနှင့် အောင်ချမ်းသာရွာကြားတွင် တစ်ဖက်ပွင့် Mytel အမြှောက်ကြီးသုံးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“မိုင်းဆွဲထားတယ်ဗျိုး မီးရှို့ထားတဲ့‌ စစ်ခွေးများငရဲသို့ ပို့ထားတယ်အရေအတွက် လာမယ်မျှော်”ဟု TGR တပ်မှ ဗိုလ်တိုက်ဂါးက အသိပေးသည်။

အထက်ပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ အနည်းဆုံးခြောက်ဦးသေဆုံးကြောင်း မျက်မြင်တွေ့ရှိသူများကိုကိုးကားပြီး TGRက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကို မြောင်မြို့နယ် TGR ပြောက်ကျားတပ်၊ ဗိုလ်နေတိုးအထူးပြောက်ကျားအဖွဲ့၊ ဗိုလ်တောက်ထွန်း MBTT ၊ 11 Brothers ၊ BGF(Myingyan)၊ Saw Bwar Gyi(MPDF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။