Connect with us

Hi, what are you looking for?

သတင်း

ကောလင်းမြို့နယ်တွင် CDM ဆရာ၊ ဆရာမ ၃၀၀ကျော်ဖြင့် ကျောင်သား၊ကျောင်းသူ ၁၀,၀၀၀ကျော်ကို ပညာသင်ကြားရေး အစီအစဥ်စတင်

အထူးသဖြင့် စစ်ကိုင်း၊မကွေး၊ချင်း နှင့် ကရင်နီ(ကယား)ပြည်နယ်တို့တွင် ပြည်သူအခြေပြုသင်ကြားရေးများမြင့်တက်လာသည်။

(ပြည်သူ့ကာကွယ်ရေးတပ်များ စိုးမိုးထားသည့် နယ်မြေတွင် ဖွင့်လှစ်နေသည့် စာသင်ကျောင်း ဖြစ်သည်။)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် CDM ဆရာ၊ဆရာမ ၃၀၀ ကျော်ဖြင့် ကျောင်သား၊ ကျောင်းသူ ၁၀,၀၀၀ကျော်ကို ပညာသင်ကြားရေးအစီအစဥ်များစတင်နေပြီဖြစ်ကြောင်း ကောလင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့ က ယနေ့(မေ ၂၈ ရက်) အသိ​ပေးထုတ်ပြန် သည်။

“မြို့ပေါ်လောက်ပဲ ကျွန်တော်တို့ မလွှမ်းခြုံနိုင်သေးတာ။ကျေးရွာတွေဘက်မှာတော့ သင်ကြားရေး အစီအစဥ်တွေ အခုလ တတိယပတ်ကစ နေပြီ”ဟု ကောလင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ထို့အပြင် မြို့နယ်တွင်းရှိ စာသင်ကျောင်း ၁၁၃ကျောင်းကို အင်အားဖြည့်တင်းနိုင်ရန် စေတနာ့ဝန် ထမ်းဆရာ၊ ဆရာမ များ ၁,၀၀၀ ကျော်ကိုလည်း သင်ကြားရေး သင်တန်းများပေးနေသည်ဟု ဆိုသည်။

(ပြည်သူ့ကာကွယ်ရေးတပ်များ စိုးမိုးထားသည့် နယ်မြေတွင် ဖွင့်လှစ်နေသည့် စာသင်ကျောင်း ဖြစ်သည်။)

သင်ကြားရေးပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပြည်သူ့ ပညာရေးအစီအစဥ် တိုင်းဆောင်ရွက်နေပြီး ကျောင်းသုံးပုံနှိပ်စာအုပ်များရရှိရေးနှင့် ရေရှည် တည်တံ့နိုင်ရန် ဘဏ္ဍာငွေ လိုအပ်ချက်အချို့ရှိကြောင်းလည်း အထက်ပါတာဝန်ရှိသူက အသိပေးသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းထားချိန်တွင် NUG က ဦးဆောင်၍ ကြားကာလပညာ ရေးအတွက် အွန်လိုင်းအခြေပြု သင်ကြားရေးအပြင် ပြည်သူအခြေပြုသင်ကြားရေးကို ပိုမို လုပ်ဆောင်လာနိုင်ခဲ့သည်။

အထူးသဖြင့် စစ်ကိုင်း၊မကွေး၊ချင်း နှင့် ကရင်နီ(ကယား)ပြည်နယ်တို့တွင် ပြည်သူအခြေပြုသင်ကြားရေးများမြင့်တက်လာသည်။

ထို့အပြင် စစ်ကျွန်ပညာရေးတွင် ပါဝင်ခြင်းမရှိသော ကျောင်းသားများနှင့် ကျောင်းသားမိဘများကို ကျေးဇူး တင်ကြောင်း ပညာရေးအင်အားစုများက စုပေါင်း၍ ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ရက် စစ်တပ်အာဏာသိမ်းချိန်တွင် CDM ပြုလုပ်ခဲ့ကြသော ပညာရေးဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများ၏ အင်ပြည့်အားပြည့်ပါဝင်မှုကြောင့် စစ်ကောင်စီ၏အရှိုက်ကိုထိုးနှက်သကဲ့သို့ ရှိခဲ့ကြောင်းထောက်ပြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။