Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – အရာတော်လမ်းပိုင်းတွင် စစ်ကောင်စီ၏ ပါဂျဲရိုးကားတစ်စီးတိုက်ခိုက်ခံရပြီး လေးဦးခန့် ထိခိုက်သေဆုံး

တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သား လေးဦးခန့် ထိခိုက်သေဆုံးနိုင်ပြီး အဖွဲ့လေးဖွဲ့လုံးမှ ရဲဘော်များအားလုံး ထိခိုက်မှုလုံးဝမရှိခဲ့ကြောင်း ၎င်းအဖွဲ့များက ပြောသည်။

(PDF-South Monywa အဖွဲ့မှ ရဲဘော်များ စစ်ဆင်ရေးသွားနေစဥ်။)
(PDF-South Monywa အဖွဲ့မှ ရဲဘော်များ စစ်ဆင်ရေးသွားနေစဥ်။)

စစ်ကိုင်းတိုင်း၊ မုံရွာ – အရာတော် လမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ပါဂျဲရိုးကားတစ်စီးတိုက်ခိုက်ခံရပြီး လေးဦးခန့် ထိခိုက်သေဆုံးနိုင်ကြောင်း PDF-South Monywa က ​ပြောသည်။

ယမန်နေ့(မေလ ၃၀ရက်) ည ၉နာရီခွဲခန့်က မုံရွာ – အရာတော် လမ်းမကြီး၊ မြန်မာ့မဏ္ဍိုင်ဆီဆိုင်အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးခန့် လိုက်ပါစီးနင်းလာသော ပါဂျဲရိုးကားအား မဟာမိတ်လေးဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်ခံရမှုကြောင့် အဆိုပါကားမှာ ထိုးရပ်သွားပြီး အကြမ်းဖက်စစ်တပ်သည် ကားပေါ်မှဆင်း၍ ဘေးပတ်ဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူ့ရဲဘော်များ အနီးအနားခိုအောင်းနေရာမှထွက်ပြီးလက်လုပ် ရှော့ဂမ်းများအပါအဝင် အမ်(ဆယ့်ခြောက်) ကျည်တစ်ကတ် ကုန်သည်အထိ ပြန်လည်ပစ်ခတ်ခဲ့ရာ မောင်းပြေးသွားကြကြောင်း PDF-South Monywa က ​ပြောသည်။

မုံရွာ - အရာတော်လမ်းပိုင်း
မုံရွာ – အရာတော်လမ်းပိုင်း

တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သား လေးဦးခန့် ထိခိုက်သေဆုံးနိုင်ပြီး အဖွဲ့လေးဖွဲ့လုံးမှ ရဲဘော်များအားလုံး ထိခိုက်မှုလုံးဝမရှိခဲ့ကြောင်း ၎င်းအဖွဲ့များက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“ဒီကား လာမယ်လို့ သတင်းတိတိကျကျရတယ်။ အဖွဲ့လေးဖွဲ့စုပြီး မိုင်းဆွဲဖို့ ပြင်တယ်။ထိရင် ဒီကောင်တွေ ဆင်းပြီး ကြောက်ရမ်းရမ်းပစ်နေကြ။ ပစ်ရင် ပြန်ဆော်ဖို့ပါ တိုင်ပင်ထားတယ်။ မိုင်းက ကားကို ထိတယ်။ ကားက ထိုးရပ်သွားအပြီးတော်တော်လေးကြာမှ ဒီကောင်တွေ ဆင်းပစ်တယ်။ ကျွန်တော်တို့လည်း နေရာယူထားတဲ့နေရာကနေ ပြန်ပစ်တယ်။လက်နက် အစစ်သံကြားတာနဲ့ကြောက်လန့် ။ ပြန်တက်ပြေးဖို့လုပ်တယ်။ ​ပစ်တာက ထိတာလည်း ပါမယ်။ ခွေကျသွားတဲ့ကောင်တွေ လှုပ်တောင်မလှုပ်ဘူး။ dead bodyကို ထားပစ်ခဲ့ပြီတောင် ထင်တာ။ မရ၊ရအောင် ကားပေါ် ပြန်တင် သယ်ပြီး မောင်းပြေးတယ်။”ဟု PDF-South-Monywa တာဝန်ရှိသူက People’s Springသို့ ပြောသည်။

ယမန်နေ့ ညနေ ၃ နာရီဝန်းကျင်ကလည်း မုံရွာ – ချောင်းဦးလမ်းတစ်နေရာတွင် တောပုကျေးရွာမှ ပျူစောထီးတစ်ဦးအား Black Hunter People Task Force အဖွဲ့က သုတ်သင်ရှင်းလင်းခဲ့သည်။ ၎င်းပျူစောထီးသည် ပျူသင်တန်းဆင်းပြီးနောက် လက်နက်အားကိုးဖြင့် ကျေးရွာပြ​ည်သူများအား အနိုင်ကျင့်ဗိုလ်ကျနေ၍ သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့ရဲ့ ရပ်ကွက်အချို့မှာ မိုးရွာလိုက်တိုင်း ​ရေနှုတ်​မြောင်းမရှိတဲ့အတွက် ရေဝပ်ပြီး ရေနစ်မြုပ်​နေတာ​ကြောင့် ​နောက်ဆက်တွဲကျန်းမာ​ရေးပြသာနာ​တွေဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်​​နေကြပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ

Facebook