Connect with us

Hi, what are you looking for?

သတင်း

မုံရွာ(နမခ)ကနေထွက်လာသော စစ်ကောင်စီယာဥ်တန်း ကျောမြို့တွင်ရပ်နားနေ၊ သံချပ် ကာ ကားနှစ်စီးလည်းပါဝင်

စစ်ယာဥ်တန်းတွင် သံချပ်ကာကားနှစ်စီးအပါအဝင် အစီးရေ ၁၀၀ ခန့်ပါဝင်ပြီး ဂန့်ဂေါဘက်သို့ ဦးတည်လာနိုင်သောကြောင့် ကားလမ်းအနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ သတိပြုနေထိုင်ကြရန် ယင်းတော်လှန် ရေးလူငယ်အဖွဲ့က တိုက်တွန်းသည်။

မုံရွာ(နမခ)ကနေထွက်လာသော စစ်ကောင်စီယာဥ်တန်း ကျောမြို့တွင်ရပ်နားနေ၊ သံချပ် ကာ ကားနှစ်စီးလည်းပါဝင်
ချင်း​ပြည်နယ်သို့သွား​နေ​သောစစ်​ကောင်စီယာဥ်တန်း (ပုံအ​ဟောင်းဖြစ်ပါသည်)

မုံရွာ(နမခ)ကနေထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်တန်းသည် ယနေ့(ဇွန် ၁)နံနက်ပိုင်းအထိ ကျောမြို့(ကပစ)တွင် ရှိနေသေးကြောင်း ယောဒေသသတင်းများတင်ဆက်ပေးနေသော လူငယ်အဖွဲ့မှ ကိုရောင်နီက ပြောသည်။

အဆိုပါစစ်ယာဥ်တန်းတွင် သံချပ်ကာကားနှစ်စီးအပါအဝင် အစီးရေ ၁၀၀ ခန့်ပါဝင်ပြီး ဂန့်ဂေါဘက်သို့ ဦးတည်လာနိုင်သောကြောင့် ကားလမ်းအနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ သတိပြုနေထိုင်ကြရန် ယင်းတော်လှန် ရေးလူငယ်အဖွဲ့က တိုက်တွန်းသည်။

မေလနောက်ဆုံးပတ်တွင် မုံရွာ(နမခ)မှ ထွက်လာသော စစ်ယာဥ်တန်းသည် မေ ၃၀ တွင် နဂါးမတောင်အလွန် မိုင်တိုင် (၅၅)နှင့် (၅၇)တွင် ညအိပ်ရပ်နားပြီး ကျော(ကပစ)သို့ ယမန်နေ့(မေ ၃၁)ညနေပိုင်းတွင် ရောက်ရှိလာခြင်း ဖြစ်သည်။

ယနေ့(ဇွန် ၁)နံနက် ၁၀ နာရီခန့်အထိ အဆိုပါစစ်ကောင်စီယာဥ်တန်းမှာ တစ်စုံတစ်ရာလှုပ်ရှားမှုမတွေ့ရသေးဘဲ ကျော(ကပစ)၌ပင် ဆက်ရှိနေပြီး ကျောမှ ထွက်လာမှသာ မည်သည့်ဒေသသို့ ဦးတည်မည်ကို မှန်းဆနိုင်မည်ဟု ကိုရောင်နီက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များသည် မည်သည့်ဒေသ၌မဆို ၎င်းတို့စစ်ကြောင်း ဖြတ်သန်းသွားရာဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ်အသုံးပြုခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းနှင့် မထင်လျင်မထင်သလို သတ်ဖြတ်ခြင်းများ ကျူးလွန်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့ရဲ့ ရပ်ကွက်အချို့မှာ မိုးရွာလိုက်တိုင်း ​ရေနှုတ်​မြောင်းမရှိတဲ့အတွက် ရေဝပ်ပြီး ရေနစ်မြုပ်​နေတာ​ကြောင့် ​နောက်ဆက်တွဲကျန်းမာ​ရေးပြသာနာ​တွေဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်​​နေကြပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook