Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုတွင် စစ်​ကောင်စီတပ်ကားနှင့်ဆိုင်ကယ်များတိုက်ခိုက်ခံရပြီး ၈ဦးခန့်​သေဟု​ရေစကြို PDF ​​ပြော

ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ပြည်သူများ စစ်ကားများအနီးနားသို့ ကပ်မလိုက်ကြပါရန် လည်း မေတ္တာရပ်ခံသည်။

ရေစကြို
ရေစကြို

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင်စစ်ကောင်စီတပ်၏ကားတစ်စီးနှင့် ဆိုင်ကယ်သုံးစီး မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၈ ဦးခန့်သေဆုံးနိုင်ကြောင်း Yesagyo(​ရေစကြို) PDFက သတင်းထုတ်ပြန်သည်။

ယနေ့ ဇွန်လ ၂ ရက်နေ့ နံနက် ၁၁နာရီခွဲဝန်းကျင်က ရေစကြိုမြို့နယ် ၊ဇီးကုန်းကျေးရွာနှင့် ကုန်းတလင်းရွာအနီး မိုင်းကွင်းတွင် ရပ်နေသည့် ဆိုင်ကယ်သုံးစီးနှင့် ပြည်သူပိုင်ပစ္စည်းများ အဓမ္မသိမ်းယူသည်ဆောင်လာသည့် စစ်ကားတစ်စီးတို့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ​ရေစကြိုPDFက ပြောသည်။

ဆိုင်ကယ်သုံးစီးမှာ မိုင်းပေါက်ကွဲမှုအရှိန်ကြောင့် အထက်သို့ မြောက်တက်သွားပြီး စစ်ကားမှာ လမ်းဘေးထိုးကျသွားသည်ဟု ​ရေစကြို PDFက ဆိုသည်။ အကြမ်းဖက်စစ်တပ်က အနီးဝန်းကျင်များကို ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးကာ ဒဏ်ရာရ‌‌သူများလည်းရှိကြောင်း ​ရေစကြို PDFက ပြောသည်။

ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ပြည်သူများ စစ်ကားများအနီးနားသို့ ကပ်မလိုက်ကြပါရန် လည်း မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ ​ရေစကြို PDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ယမန်နေ့ ဇွန်လ ၁ ရက်နေ့ညပိုင်းကလည်း ရေစကြိုမြို့အနောက်တောင်အရပ်မှ ပေါက်ကွဲသံ၂ ကြိမ်ခန့် ကြားလိုက်ရပြီး ယနေ့နံနက်ပိုင်းကလည်း ရေစကြိုမြို့ပေါ် ရပ်ကွက်များပေါ် အကြမ်းဖက်စစ်တပ်က အဆက်မပြတ်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။