Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနယ်ရှိ ကျေးရွာတစ်ရွာမှ NLD ရပ်/ကျေး ဥက္ကဋ္ဌနေအိမ်ကို တစ်ရွာတည်းနေ ပျူစောထီးများဖျက်ဆီးပြီး နွားနှစ်ကောင်ကို ဖမ်းသွား

အိမ်ခြေ ၂၀၀ကျော်ရှိသည့် အဆိုပါရွာတွင် NLD ပါတီအားပေးသူနှင့် ပြည်ခိုင်ဖြိုးပါတီအားပေးသူ ထက်ဝက်ခန့်စီရှိရာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ပြည်ခိုင်ဖြိုးပါတီဝင်များကို သင်တန်းပေးပြီး လက်နက်တပ်ဆင် (ပျူစောထီးအဖြစ်ဖွဲ့စည်း) ပေးထားသည်ဟု ဆိုသည်။

ကန့်ဘလူနယ်
ကန့်ဘလူနယ်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မင်းကုန်း(ခ)ရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရပ်/ကျေးဥက္ကဋ္ဌ ဦးညွန့်ဝင်းနိုင်၏ နေအိမ်ကို တစ်ရွာတည်းနေ ပျူစောထီးများက ဖျက်ဆီးပြီး နွားနှစ်ကောင်ကိုလည်း ဖမ်းဆီးယူဆောင်သွားကြောင်း ကာယကံရှင် ဦးညွန့်ဝင်းနိုင်က ပြောကြားသည်။

အိမ်ခြေ ၂၀၀ကျော်ရှိသည့် အဆိုပါရွာတွင် NLD ပါတီအားပေးသူနှင့် ပြည်ခိုင်ဖြိုးပါတီအားပေးသူ ထက်ဝက်ခန့်စီရှိရာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ပြည်ခိုင်ဖြိုးပါတီဝင်များကို သင်တန်းပေးပြီး လက်နက်တပ်ဆင် (ပျူစောထီးအဖြစ်ဖွဲ့စည်း) ပေးထားသည်ဟု ဆိုသည်။

“ကျွန်တော်တို့ကျတော့ ရွာမှာ စစ်တပ်က မနေနိုင်အောင်လုပ်တော့ ကျွန်တော်တို့က ထွက်ပြေးရတာ။ မိသားစုလိုက်။ မိန်းမကလည်း CDM ဆိုတော့ ပြီးတော့ ကျွန်တော်က NLD ဘက်က အိမ်ကလည်း ရုံးဆိုတော့ အဲဒါ အိမ်ကို ရိုက်ဖျက်တယ် ပစ္စည်းတွေ အကုန်ယူတယ်။ အဲဒီလို ယူသွားပြီးတော့ ကျွန်တော်က မိသားစုလိုက်ဘေးထွက်သွားတဲ့အခါ တူလေးတွေကို လယ်တွေ ဘာတွေလုပ်ရစ် ကျတော့ဆိုပြီး ပစ်ထားခဲ့ရတာပေါ့။နွားတွေလည်း စောင့်ရှောက်ဖို့ထားခဲ့တာ။ နွားတွေကို အဓမ္မ အတင်းလုပြီး ဝင်ယူပြီး ရောင်းစားပစ်လိုက်ကြတာပေါ့” ဟု ဦးညွန့်ဝင်းနိုင်က ပြောသည်။

ထို့ပြင် ကျေးရွာအတွင်းရှိ NLDအားပေးသူများထံမှ ငွေကြေးကောက်ခံမှုများ လုပ်ဆောင်နေကြောင်းလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ဘာအတွက်ဆို သူတို့ သပ်သပ်အနိုင်ကျင့်တဲ့သဘော။ တစ်အိမ်တစ်သိန်းပေး ရန်ပုံငွေလိုလို ဘာလိုလိုနဲ့”ဟု ဦးညွန့်ဝင်းနိုင်က ပြောသည်။

ပျူစောထီးများသည် စစ်ကောင်စီတပ်များနှင့် အတူပူးပေါင်းပြီး စစ်ကိုင်းနှင့် မကွေးတိုင်းရှိ မြို့နယ်များအတွင်း စစ်ကြောင်းထိုးခြင်း၊ ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများ ယူဆောင်ခြင်းများ လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ