Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူနယ်ရှိ ကျေးရွာတစ်ရွာမှ NLD ရပ်/ကျေး ဥက္ကဋ္ဌနေအိမ်ကို တစ်ရွာတည်းနေ ပျူစောထီးများဖျက်ဆီးပြီး နွားနှစ်ကောင်ကို ဖမ်းသွား

အိမ်ခြေ ၂၀၀ကျော်ရှိသည့် အဆိုပါရွာတွင် NLD ပါတီအားပေးသူနှင့် ပြည်ခိုင်ဖြိုးပါတီအားပေးသူ ထက်ဝက်ခန့်စီရှိရာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ပြည်ခိုင်ဖြိုးပါတီဝင်များကို သင်တန်းပေးပြီး လက်နက်တပ်ဆင် (ပျူစောထီးအဖြစ်ဖွဲ့စည်း) ပေးထားသည်ဟု ဆိုသည်။

ကန့်ဘလူနယ်
ကန့်ဘလူနယ်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မင်းကုန်း(ခ)ရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရပ်/ကျေးဥက္ကဋ္ဌ ဦးညွန့်ဝင်းနိုင်၏ နေအိမ်ကို တစ်ရွာတည်းနေ ပျူစောထီးများက ဖျက်ဆီးပြီး နွားနှစ်ကောင်ကိုလည်း ဖမ်းဆီးယူဆောင်သွားကြောင်း ကာယကံရှင် ဦးညွန့်ဝင်းနိုင်က ပြောကြားသည်။

အိမ်ခြေ ၂၀၀ကျော်ရှိသည့် အဆိုပါရွာတွင် NLD ပါတီအားပေးသူနှင့် ပြည်ခိုင်ဖြိုးပါတီအားပေးသူ ထက်ဝက်ခန့်စီရှိရာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ပြည်ခိုင်ဖြိုးပါတီဝင်များကို သင်တန်းပေးပြီး လက်နက်တပ်ဆင် (ပျူစောထီးအဖြစ်ဖွဲ့စည်း) ပေးထားသည်ဟု ဆိုသည်။

“ကျွန်တော်တို့ကျတော့ ရွာမှာ စစ်တပ်က မနေနိုင်အောင်လုပ်တော့ ကျွန်တော်တို့က ထွက်ပြေးရတာ။ မိသားစုလိုက်။ မိန်းမကလည်း CDM ဆိုတော့ ပြီးတော့ ကျွန်တော်က NLD ဘက်က အိမ်ကလည်း ရုံးဆိုတော့ အဲဒါ အိမ်ကို ရိုက်ဖျက်တယ် ပစ္စည်းတွေ အကုန်ယူတယ်။ အဲဒီလို ယူသွားပြီးတော့ ကျွန်တော်က မိသားစုလိုက်ဘေးထွက်သွားတဲ့အခါ တူလေးတွေကို လယ်တွေ ဘာတွေလုပ်ရစ် ကျတော့ဆိုပြီး ပစ်ထားခဲ့ရတာပေါ့။နွားတွေလည်း စောင့်ရှောက်ဖို့ထားခဲ့တာ။ နွားတွေကို အဓမ္မ အတင်းလုပြီး ဝင်ယူပြီး ရောင်းစားပစ်လိုက်ကြတာပေါ့” ဟု ဦးညွန့်ဝင်းနိုင်က ပြောသည်။

ထို့ပြင် ကျေးရွာအတွင်းရှိ NLDအားပေးသူများထံမှ ငွေကြေးကောက်ခံမှုများ လုပ်ဆောင်နေကြောင်းလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ဘာအတွက်ဆို သူတို့ သပ်သပ်အနိုင်ကျင့်တဲ့သဘော။ တစ်အိမ်တစ်သိန်းပေး ရန်ပုံငွေလိုလို ဘာလိုလိုနဲ့”ဟု ဦးညွန့်ဝင်းနိုင်က ပြောသည်။

ပျူစောထီးများသည် စစ်ကောင်စီတပ်များနှင့် အတူပူးပေါင်းပြီး စစ်ကိုင်းနှင့် မကွေးတိုင်းရှိ မြို့နယ်များအတွင်း စစ်ကြောင်းထိုးခြင်း၊ ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများ ယူဆောင်ခြင်းများ လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဆက်လက်၍ LLPDF အနေဖြင့် ပျူစောထီးစာရင်း၀င် သောင်းကျန်းသူများအား အလျဉ်း သင့်သလို တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးလိုပါက လက်နက်နှင့်တ ကွ‌ လောင်းလုံး(ပကဖ)ထံ အလင်း၀င်ရောက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။

သတင်း

အထက်ပါ ပျူခေါင်းဆောင်ဆိုသူအား ပစ်ခတ်ရှင်းလင်းသည့် စစ်ဆင်ရေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သတင်း

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၅ရက်၊၁၇ရက်နှင့် ၁၉ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။