Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီကသေဒဏ်​ပေးမည်ဟု​ပြောခြင်းသည်စိတ်ဓါတ်စစ်ဆင်​ရေးဟုပြုလုပ်ခြင်းဟုတရား​ရေးအသိုင်းအဝိုင်း​ပြော

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကို သေဒဏ်ချမှုနှင့် ပတ်သက်၍ အမေရိကန်နှင့် အနောက်ဥရောပနိုင်ငံများက အနီးကပ်စောင့်ကြည့်ကာ ခြွင်းချက် မရှိ ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

ဦးဂျင်မီ
ဦးဂျင်မီ

တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့ အာဏာထိမ်းသည်ဟူသော ကာလအတွင်း သေဒဏ်ချမှတ်ပိုင်ခွင့်မရှိဘဲ သေဒဏ်ပေးမည်ဟု ပြောဆိုခြင်းသည် စိတ်ဓာတ်စစ်ဆင်ရေးပြု လုပ်ခြင်းဖြစ်ကြောင်း တရားရေးအသိုင်းအဝန်းနှင့်လေ့လာသူအချို့က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD အမတ် ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် လေးဦးအပေါ် သေဒဏ်ချမှတ်ထားခြင်းအပေါ် အတည်ပြုလိုက်ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာအချို့ မှစ၍ယနေ့သတင်းဖော်ပြကြသည်။

သို့ရာတွင် မြန်မာနိုင်ငံတွင် သေဒဏ်ပြစ်ဒဏ်ကို ကြိုးပေး ကွပ်မျက်ခြင်းမရှိသည်မှာ ၁၉၉၀ မတိုင်ခင် ကတည်းကဖြစ်ပြီး ၁၉၈၉ နှစ်လယ်ပိုင်းတွင် နိုင်ငံတကာ သေဒဏ်(ကြိုးမိန့်) ပယ်ဖျက်ရေးအဖွဲ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း တရားရေးကျွမ်းကျင်သူအချို့က ပြောသည်။

“ကမ္ဘာ့နိုင်ငံအများစုကလည်း သေဒဏ်တကယ်ပေးသတ်ထာဆန့်ကျင်ကြပါတယ်။ ဒါဖြင့် အခုစကစ ကရော ပိုဆိုးတာပေါ့။ သူကရွေးခြယ်ခံသမ္မတလည်းမဟုတ်။ လူထုထောက်ခံမှုလည်းမရ။ သံတမန်ကိစ္စတွေမှာလည်း အကြပ်တွေ့နေသူပါ။ ပြီးတော့ သူကိုယ်တိုင်က နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ထားသူပါ။ ဒါကြောင့် သူ့ဆရာတွေလမ်းစဉ်ကိုဘဲလိုက်ပြီး သေဒဏ်ပေးကြိုးပေးကွပ်မျက်မှုတွေ တကယ်မလုပ်နိုင်ပါ” ဟု ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ဦးဖြိုးဇေယျာသော်
ဦးဖြိုးဇေယျာသော်

သေဒဏ်ကို ပြည်သူရွေးချယ်တင်မြှောက်သည့် အစိုးရ(သမ္မတ)ကသာ စီရင်ပိုင်ခွင့်ရှိပြီး အကယ်၍ သေဒဏ်ပေးပါကလည်း ချက်ချင်း ကြိုးပေးကွပ်မျက်မရဘဲအယူခံတင်သွင်းခွင့် ရှိကာ ယင်းအယူခံကာလသည် အနည်းဆုံး ၃ နှစ်မှ ၅ နှစ်အထိ ကြာမြင့်နိုင်သည်ဟု ဝါရင့်ရှေ့ နေတစ်ဦးက မှတ်ချက်ပြုသည်။

“အခု သေဒဏ်(ကြိုးမိန့်)ပေးသတ်မယ်ဆိုရင် လူသတ်မှုပါ” ဟု ၎င်းက​ပြောသည်။

အရပ်သားတပိုင်းအစိုးရ သမ္မတဦးသိန်းစိန်လက်ထက်နှင့် အရပ်သားအစိုးရ NLD အစိုးရ လက်ထက်တို့တွင် သေဒဏ်ချမှတ်ခြင်းခဲ့ပေ။

၁၉၈၈ တွင် အာဏာသိမ်းခဲ့သော နဝတစစ်အစိုးရလက်ထက်တွင် သေဒဏ်ချမှတ်ခံခဲ့ရသော လက်ရှိ ချက်သမ္မတနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးလင်းသန့်ကလည်း ကြိုးမိန့်သေဒဏ်မှ တသက်တကျွန်းသို့ပြောင်းလဲခဲ့ကြောင်း ပြောသည်။

“ပြောချင်တာက သေဒဏ်အမိန့်ချထားပေမယ့် သတ်ချင်တိုင်း သတ်လို့ရတဲ့ ခေတ်ကာလကြီး မဟုတ်ဘူးဆိုချင်တာပါ။ သေဒဏ်ကို သက်ဆိုင်ရာ တရားရုံးက အတည်ပြုတယ်ဆိုရင်တောင် အထက်တရားရုံးကို ခုခံချေပခွင့်၊ ဒီကနေ တဆင့် အထက်အထက်သော တရားရုံးတွေထိ ခုခံချေပခွင့်၊ အယူခံဝင်ခွင့်တွေ ဥပဒေကြောင်းအရ ရှိကြတာပါ။ ဥပဒေကြောင်းအရ နောက်ဆုံး အဆင့်ထိ ရင်ဆိုင်ခွင့်၊ အယူခံခွင့်၊အဲဒီကနေ နောက်ဆုံး သမ္မတထံ အယူခံခွင့်နဲ့ စောဒက တက်ခွင့်ဆိုတာတွေထိ ရှိပါတယ်” ဟု ဦးလင်းသန့်က ဆိုသည်။

ထို့အပြင် တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတကာ၏ အသိအမှတ်ပြုမှု မရရှိ သေးဘဲ သံတမန်ဆက်ဆံရေးတွင် အဆင့်လျှော့ချဆက်ဆံခံနေရပြီး ကုလသမဂ္ဂ၌ ကိုယ်စားပြုခွင့် လည်း လက်ရှိအချိန်အထိ မရရှိထားပေ။

“မြန်မာနိုင်ငံအနေနဲ့ သေဒဏ်ချမှတ်ပေမယ် သတ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ နဝတ စစ်တပ်က အာဏာသိမ်းပြီး ၁၉၈၉ ခုနှစ်လယ်လောက်မှာ ကမ္ဘာ့ ဂျီနီဗာ စာချုပ်တခု ချုပ်ခဲ့တယ်။ သေဒဏ်ချမှတ်တာကို ပယ်ဖျက်မလား၊ သတ်တာကို ပယ်ဖျက်မလားဆိုရင် မြန်မာနိုင်ငံအနေနဲ့ တရားရေးက သေဒဏ်ချပေမယ့် လူကိုသတ်တာကို ပယ်ဖျက်တဲ့ စာချုပ်ကို လက်မှတ်ရေးထိုးလိုက်တယ်။ သေဒဏ်တော့ပေးတယ်။ မသတ်ဘူး။ ထောင်ထဲမှာ သေဒဏ်ကျတိုက်ထဲမှာထားတယ်။ နောင် အစိုးရပြောင်းလို့ဖြစ်ဖြစ် လျော့ပေါ့တဲ့အခါ အခွင့်အရေး ရရင် သေဒဏ်ကနေ တကျွန်း(နှစ် ၂၀) စသဖြင့်ပြောင်းလဲပြီး လွတ်သွားတဲ့သူတွေ အများကြီးပါ။ အခုကလည်း အဲ့ဒီလိုပဲ ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ကို သေဒဏ်က အတည်ဖြစ်ပြီဆိုပေမယ့်။ သတ်လို့မရပါဘူး။ အာဏာသိမ်း စစ်ကောင်စီက မြန်မာနိုင်ငံ အနေနဲ့ သူက ပြောပြောနေတာမို့ သူက မြန်မာကလက်မှတ်ထိုးထားတဲ့ သေဒဏ်နဲ့ပက်သက်တဲ့ စာချုပ်ကို လိုက်နာဖို့လိုသလို တဖက်မှာ မလိုက်နာရင် သူက မြန်မာကို ကိုယ်စားပြုသူလုံးဝမဟုတ်တော့ဘူးလို့ နိုင်ငံတကာက သတ်မှတ်လို့ရပြီ။ ခပ်ရှင်းရှင်းပြောရရင် သူတို့ကို စစ်တပ်က သတ်မယ်ဆို စစ်ကြောရေးမှာဖြစ်ဖြစ် ထောင်ထဲမှာဖြစ်ဖြစ် သတ်လို့ရပါတယ်ဗျာ။ အစောကြီးထဲက သတ်မယ်၊ ကျန်းမားရေး ဘာညာအကြောင်းပြပြီး အလောင်းကို မိသားစုတောင်မသိရပဲ သဂြိုလ်လိုက်မယ်။ လုပ်လို့ရတာပဲ။ အခု သေဒဏ်အတည်ဖြစ်တာကို စစ်လော်ဘီတွေပြောနေသလို သတ်မယ်ဆိုတာ လုပ်လို့မရပါဘူး။ အခုချိန်များ အကျဉ်းထောင်ထဲ ကိုယ့်ကျန်းမာရေးမကောင်းလို့ဖြစ်ဖြစ် တစုံတရာကြောင့် ထောင်ထဲသူတို့သေရင် တရားခံက အာဏာသိမ်း စစ်တပ်ဖြစ်သွားမယ်”ဟုတရားရေးကျွမ်းကျင်သူတစ်ဦးကလည်း​ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကို သေဒဏ်ချမှုနှင့် ပတ်သက်၍ အမေရိကန်နှင့် အနောက်ဥရောပနိုင်ငံများက အနီးကပ်စောင့်ကြည့်ကာ ခြွင်းချက် မရှိ ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

ထိုအခြေအနေတွင် စစ်ကောင်စီအနေဖြင့် သေဒဏ်ပြစ်ဒဏ်ကို အတည်ပြုကာ ချက်ချင်းကွပ် မျက်မည်မဟုတ်ကြောင်းနှင့် တော်လှန်ရေးအင်အားစုများအကြားသွေးကွဲရန် စိတ်ဓာတ်စစ် ဆင်ရေးပြုလုပ်ခြင်းသာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။

“အခုကလည်း အဲ့ဒီလိုပဲ ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ကို သေဒဏ်က အတည်ဖြစ်ပြီဆိုပေမယ့်။ သတ်လို့မရပါဘူး။ အာဏာသိမ်း စစ်ကောင်စီက မြန်မာနိုင်ငံ အနေနဲ့ သူက ပြောပြောနေတာမို့ သူက မြန်မာကလက်မှတ်ထိုးထားတဲ့ သေဒဏ်နဲ့ပက်သက်တဲ့ စာချုပ်ကို လိုက်နာဖို့လိုသလို တဖက်မှာ မလိုက်နာရင် သူက မြန်မာကို ကိုယ်စားပြုသူလုံးဝမဟုတ်တော့ဘူးလို့ နိုင်ငံတကာက သတ်မှတ်လို့ရပြီ” ဟု တရားရေးကျွမ်းကျင်သူတစ်ဦးက ပြောသည်။

ထိုအပြင် စစ်​ကောင်စီဘက်ကယခုကဲသို့ သတင်းလွှင့်ခြင်းမှာ ​တော်လှန်​ရေးကို အာရုံ​​ပြောင်းရန် ၊​​ခုခံ​တော်လှန်စစ်ဆင်နွှဲ​နေသူ​များကို အ​ပေါ်စီးမှ ကစားရမလားဟု ​သွေးတိုးစမ်းခြင်းဖြစ်​သည်ဟု ​တော်လှန်​ရေးသမားအချို့ကသုံးသပ်သည်။ စစ်​ကောင်စီက လူထုကိုအာရုံ​ပြောင်းလိုပါက ယခုကဲသို့ သတင်းမကြာခဏ ထုတ်ပြန်ပြီး ပြည်သူ​လူထုကိုကြောက်စိတ်ဝင်​ရန် ၊အာရုံ​​ပြောင်းရန် ဆက်လုပ်​နိုင်​ကြောင်းတော်လှန်​ရေးသမားတစ်ဦးက​လည်းပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။