Connect with us

Hi, what are you looking for?

News

ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားရေး အာဆီယံအထူးကိုယ်စားလှယ်ကို ကူညီဖို့အသင့်ရှိတယ်လို့ အီးယူထုတ်ပြန်

အထူးကိုယ်စားလှယ်ဟာ မြန်မာ့အကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ CRPH၊ NUG ၊ တိုင်းရင်းသားအဖွဲ့များ၊ အခြား ဒီမိုကရေစီလိုလားတဲ့အင်အားစုတွေနဲ့ အကျိုးရှိတဲ့ နိုင်ငံရေးဆွေးနွေးမှုလုပ်ဆောင်ရမယ်လို့ အီးယူက တိုက်တွန်းပါတယ်။

ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရေး အာဆီယံရဲ့ အထူးကိုယ်စားလှယ်ကို ကူညီဖို့အသင့်ရှိပြီး မြန်မာပြည်သူတွေနဲ့အတူ ခိုင်မာစွာရပ်တည်တယ်လို့ ဥရောပသမဂ္ဂက ဒီနေ့ ထုတ်ပြန်ပါတယ်။

အာဆီယံက ခန့်အပ်လိုက်တဲ့ အထူးကိုယ်စားလှယ်ကို အီးယူက ကြိုဆိုပြီး ဧပြီက အာဆီယံခေါင်းဆောင်တွေ သဘောတူခဲ့တဲ့ ဆုံးဖြတ်ချက် ငါးရပ်ကို မြန်ဆန်စွာ အကောင်အထည်ဖို့ တစ်ဆက်တည်း တိုက်တွန်းထားပါတယ်။

အထူးကိုယ်စားလှယ်ဟာ မြန်မာ့အကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ CRPH၊ NUG ၊ တိုင်းရင်းသားအဖွဲ့များ၊ အခြား ဒီမိုကရေစီလိုလားတဲ့အင်အားစုတွေနဲ့ အကျိုးရှိတဲ့ နိုင်ငံရေးဆွေးနွေးမှုလုပ်ဆောင်ရမယ်လို့ အီးယူက တိုက်တွန်းပါတယ်။

ဒါ့အပြင် အာဏာသိမ်းမှုနဲ့ဆက်နွှယ်ပြီး ဖမ်းဆီးထိန်း သိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ စစ်တပ်အာဏာပိုင်တွေကို အီးယူက တောင်းဆိုပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး လူသားချင်းစာနာမှုအကူအညီဟာ အရေးပေါ်လိုအပ်နေပြီး နေရပ်စွန့်ခွာသူတွေ၊ ဒုက္ခသည်အားလုံးဆီကို နှောင့်နှေးခြင်းမရှိဘဲ အမြန်ဆုံးပေးအပ်နိုင်ရမယ်လို့ စစ်တပ်အာဏာပိုင်တွေကို အီးယူ ပြောပါတယ်။

အီးယူဟာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကိုင်တွယ်ဖြေရှင်းရေး လိုအပ်တဲ့ အကူအညီတွေပေးဖို့ အသင့်ရှိနေတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။

သတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်တိုင်းကို အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆို

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။