Connect with us

Hi, what are you looking for?

သတင်း

ဝန်းသိုမြို့နယ် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာရှစ်ရွာမှ ​ဒေသခံပြည်သူ ၅,၀၀၀​ကျော် စစ်ဘေးရှောင်နေရ

နမ်းခမ်းရွာအနီးတွင် ဇွန်လ ၅ ရက် ညနေပိုင်းကဖြစ်ပွားသော ထိတွေ့တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်(ဝန်းသို)မှ ရဲဘော်ခြောက်ဦး ထိခိုက်ဒဏ်ရာရထားပြီး တစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်းလည်း WR Team က အသိပေးသည်။

ဝန်းသိုမြို့နယ်
ဝန်းသိုမြို့နယ်

စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ၏ ဖော်ပြချက်များအရသိရသည်။

တိုက်ပွဲဖြစ်ပွားသည့် ဒေသများမှာ ဝန်းသို့မြို့နယ် နမ်းခမ်းကျေးရွာ၊ ဂျိုးတောင်ကျေးရွာနှင့် တောင်ဘို့လှကျေးရွာများအနီးတွင် ဇွန်လ ၅ ရက်မှ ၇ရက် (ယနေ့) အထိ ဖြစ်ပွားလျက်ရှိသည်။

ထို့ကြောင့် နမ်ခမ်း၊ ဂျိုးတောင်နှင့် တောင်ဘို့လှ အနီးဝန်ကျင်ကျေးရွာများအပါအဝင် ကျေးရွာရှစ်ရွာမှ ဒေသခံပြည်သူ ၅,၄၃၄ ဦးခန့် စစ်ဘေးရှောင်နေရကြောင်း ဝန်းသို အခြေစိုက်တော်လှန်ရေးအင်အားစု WR Team က ယနေ့(ဇွန် ၇) အသိပေးထုတ်ပြန်သည်။

နမ်းခမ်းရွာအနီးတွင် ဇွန်လ ၅ ရက် ညနေပိုင်းကဖြစ်ပွားသော ထိတွေ့တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်(ဝန်းသို)မှ ရဲဘော်ခြောက်ဦး ထိခိုက်ဒဏ်ရာရထားပြီး တစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်းလည်း WR Team က အသိပေးသည်။

Public Service Announcement

Public Service Announcement

ဝန်းသိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်များသည် ယမန်နေ့(ဇွန် ၆)ညပိုင်းတွင် ဝင်ရောက်သောင်းကျန်းကာ နေအိမ်အချို့အား မီးရှို့ဖျက်ဆီးပြီးနောက် ယနေ့နံနက်ပိုင်းတွင် တောင်ဘို့လှရွာသို့ဝင်၍ မီးရှို့ဖျက်ဆီးမှုများဆက်လက်ကျူးလွန်နေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။