Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုထောင် အာဏာပိုင် နိုင်ကျဉ်းတွေကို ရိုက်နှက်ပြီး ဓားနဲ့ထိုး

အမျိုးသားအဆောင် အခန်း (၁) ထဲက ၅၀၅ နဲ့အမှုရင်ဆိုင်နေရသူတွေကို ဝိုင်းဝန်းရိုက်နှက်ခဲ့ပြီး ထောင်ပိုင်က ဓားနဲ့ထိုးခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက ထောင်တွင်း အခြေအနေကို စုံစမ်းသိရသလောက်ပြောပြပါတယ်။

အိုးဘိုထောင်
အိုးဘိုထောင်

မန္တလေး အိုးဘိုထောင်မှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင် အချို့ရိုက်နှက်ကာ ဓားနဲ့ထိုးတာရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်သားအမှု တွေလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေအသိုင်းအဝိုင်းကနေတဆင့်သိရပါတယ်။

ဇွန်လ ၅ ရက်က အိုးဘိုထောင်ထဲမှာ ထောင်ဝန်ထမ်း တွေနဲ့ အကျဉ်းသား အချို့ အချင်းများခဲ့ကြပြီး ထောင်ဝန်ထမ်းတွေ စတင်ရိုက်နှက်ထိုးကြိတ်တာတွေရှိခဲ့တယ်လို့သိရပါတယ်။

အမျိုးသားအဆောင် အခန်း (၁) ထဲက ၅၀၅ နဲ့အမှုရင်ဆိုင်နေရသူတွေကို ဝိုင်းဝန်းရိုက်နှက်ခဲ့ပြီး ထောင်ပိုင်က ဓားနဲ့ထိုးခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက ထောင်တွင်း အခြေအနေကို စုံစမ်းသိရသလောက်ပြောပြပါတယ်။

ရိုက်နှက်ခံရတဲ့ နိုင်ကျဉ်းတွေထဲက ၂ ဦးဟာ စိုးရိမ်ရပြီး ၁ ဦးဟာ ဓားနဲ့ထိုးတာခံလိုက်ရတယ်လို့ ပြည်ကြီးတံခွန် သပိတ်အင်အားစု(မန္တလေး)ကလည်းသတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ဖြစ်စဉ်နဲ့ပတ်သက်ပြီး ၁၂ ဦးခန့်ကို ထောင်အာဏာပိုင်တွေက တိုက်ပိတ်ထားလိုက်တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

သတင်း

မန္တလေးမြို့၊အိုးဘိုထောင်ကယာယီဆောင်မှာ အလှူရှင်လှူထားတဲ့ရေသန့်စက်ပျက်တယ်ဆိုပြီး နိုင်ငံ​ရေးအကျဥ်းသား​တွေကိုရေပိုက်ကလာတဲ့ ရေကိုပဲသောက်ခိုင်းတာကြောင့် ဝမ်းပျက်၊ဝမ်း လျှောရောဂါတွေဖြစ်​နေကြပြီးဆေးကုသခွင့်လည်းမရဘူးလို့ ထောင်ဝန်ထမ်းနဲ့နီးစပ်သူ​တွေက​ပြောတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။